Top Chart တွေအားလုံးကိုသိမ်းပိုက်လိုက်တဲ့ IU ရဲ့ Love Poem Album

2019 ခုနစ်မှာ အကုန်လုံးက kpop ကို ဂရုတစိုက်စောင့်ကြည့်နေကြတဲ့အချိန်ဖြစ်ပါတယ်။ အဲလိုအချိန်မှာ သူရဲ့ unique ဖြစ်တဲ့အသံနဲ့  kpop Queen လို့တင်စားရတဲ့ IU ကတော့ Records တွေကို ထပ်ချိုးလိုက်ပြန်ပါပြီ။

Nov 18 ရက်နေ့မှာတော့ သူမရဲ့ ၅ ကြိမ်မြောက် mini album: Love Poem က ထွက်ရှိလို့လာခဲ့ပါတယ်။ Title Song ဖြစ်တဲ့ Blueming ကတော့ IU ကိုယ်တိုင် Lyrics ရေးသားပြီးတော့ ကိုယ်တိုင် composed လုပ်ထားတာဖြစ်ပါတယ်။

အခုနောက်ဆုံးထွက်ရှိထားတဲ့ Blueming သီချင်းကလည်း ထွက် ပြီးပြီးချင်းမှာတင် Real Time Chart ဖြစ်တဲ့ Melon မှာ All Kill ဖြစ်နေပါတယ်။ Melon မှာ အဲလို All Kill ဖြစ်ဖို့ဆိုတာမလွယ်ပါဘူး၊ Album ထဲက သီချင်း ၃ ပုဒ်ကို Chart ထဲမှာ 1 2 3 ဝင်မှရမှာပါ။ ကဲ IU ကတော့ ဂုဏ်ယူရတဲ့ Artist တစ်ယောက်အနေနဲ့ သူမရဲ့ နောက်ထပ် မှတ်တိုင်တစ်ခုကို စိုက်ထူလိုက်ပါပြီ။

Love Poem Album မှာ သီချင်းစုစုပေါင်း ၆ ပုဒ်ပါဝင်ပြီးတော့ အခုဆိုရင်သီချင်းတွေအကုန်လုံးကလည်း အခြား Real Time Chart 5 ခုမှာ Top 10 နေရာကို အသီးသီးရယူထားတာြဖစ်ပါတယ်။

Photo Credit

Thin Nwe (Akhayar)

www.akhayarmedia.com