ဒေါ်လာ နှစ်သိန်းခွဲ ပေးအပ် ချီးမြှင့်သွားမယ့် Intel Extreme Masters ကို Melbourne မြို့တော်မှာ ကျင်းပသွားမည်

Intel Extreme Masters ပြိုင်ပွဲကို သုံးကြိမ်ဆက်တိုက် သြစတျေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တော်မှာ ကျင်းပခဲ့ပေမယ့် လေးကြိမ်မြောက် ကျင်းပသွားမယ့် ပြိုင်ပွဲကိုတော့ Melbourne မြို့တော်မှာ ပြောင်းလဲကျင်းပသွားမှာ ဖြစ်ပါတယ်။

IEM Melbourne 2020 ပြိုင်ပွဲမှာ စုစုပေါင်း ဆုကြေးငွေ ၂ သိန်းခွဲ ပေးအပ် ချီးမြှင့်သွားမှာဖြစ်ပြီး သြဂုတ်လ ၂၂ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ သြစတျေးလျနိုင်ငံ၊ Melbourne မြို့တော်၊ Rod Laver Arena မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

IEM Melbourne 2020 ပြိုင်ပွဲမှာ Direct Invite အသင်း (၁၀) သင်း၊ ဒေသတွင်း လက်ရည်စစ်ပွဲတွေကနေ တစ်ဆင့် တက်ရောက်လာမယ့် အသင်း (၆) သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင် အသင်း (၁၆) သင်း ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Direct Invite ရရှိမယ့် အသင်းတွေနဲ့ လက်ရည်စစ်ပွဲ ကျင်းပသွားမယ့် Format ကို ကြေငြာခြင်း မရှိသေးပေမယ့် IEM ဘက်ကတော့ မကြာခင် အချိန်အတွင်း ကြေငြာပေးသွားမှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ IEM အနေနဲ့ ပြိုင်ပွဲ Format ကို တရားဝင် ကြေငြာသွားခဲ့ခြင်း မရှိသေးပေမယ့် စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၂ သိန်းခွဲကို မည်သို့မည်ပုံ ခွဲဝေ ပေးအပ်သွားမယ် ဆိုတာကိုတော့ ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

IEM ရဲ့ ထုတ်ပြန် ကြေငြာချက်များအရ IEM Melbourne 2020 ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် ဒေါ်လာ ၁ သိန်း၊ ဒုတိယဆုကို ရရှိခဲ့မယ်ဆိုရင် ဒေါ်လာ ၄ သောင်း ၂ ထောင်၊ 3rd – 4thအထိ တက်လှမ်းနိုင်ခဲ့မယ်ဆိုရင် ဒေါ်လာ နှစ်သောင်း၊ 5th– 6th အတွက် ဒေါ်လာ တစ်သောင်း၊ 7th – 8th အတွက် ‌ဒေါ်လာ ခြောက်ထောင်၊ 9th – 12th အတွက် ဒေါ်လာ ငါးထောင်၊ 13th – 16th အတွက် ဒေါ်လာ လေးထောင် ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: AfkGaming