အိမ်တွင်းလေထုကိုသန့်ရှင်းချင်တယ်ဆိုရင် ဘယ်အပင်တွေမျိုးစိုက်သင့်လဲ

မြို့ပြရဲ့ဒဏ်တွေကိုငြီးငွေ့လာတာနဲ့အမျှကိုယ့်ပတ်ဝန်းကျင်မှာစိမ်းစိမ်းစိုစိုနေချင်လာကြပါတယ်။အဲ့တော့ကိုယ်နေတဲ့ပတ်ဝန်းကျင်မှာပဲ့ဖြစ်ဖြစ်၊တိုက်ခန်းထဲမှာပဲဖြစ်ဖြစ်အပင်လေးတွေစိုက်ပျိုးလာကြပါတယ်။ အပင်တွေစိုက်ပျိုးတဲ့နေရာမှာလေထုကိုသန့်စင်ပေးပြီ  ညစ်ညည်းမှုကိုလျော့ချတဲ့အပင်မျိုးစိုက်သင့်ပါတယ်။လေထုကိုလည်းသန့်စင်ပေးပြီးစိုက်တဲ့သူလည်းတာဝန်အရမ်းမကြီးတဲ့အပင်တွေရဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်။
Snake Plant
Snake Plant တွေကအမျိုးအစားအများကြီးရှိပါတယ်။ဒီအပင်လေးတွေကရေလည်းအများကြီးလောင်းပေးစရာမလိုသလို စိုက်ထားတဲ့မြေဆီလွှာတွေကအရမ်းခြောက်မှသာလောင်းပေးတာပိုကောင်းပါတယ်။အလင်းရောင်ဒဏ်ကိုတိုက်ရိုက်မခံနိုင်တဲ့အပင်မျိုးဖြစ်တဲ့အတွက်နေရောင်ခြည်နဲ့အရမ်းမထိတွေတဲ့နေရာမျိုးမှာထားပြီးစိုက်သင့်ပါတယ်။


Pothos
သူတို့ကခြောက်သွေ့တဲ့မြေဆီလွှာကိုပိုပြီးနှစ်သက်ကြပါတယ်။ရေကိုလည်းမြေဆီလွှာခြောက်မှလောင်းပေးတာာပိုကောင်းပါတယ်။သစ်ရွက်လေးတွေကအရောင်တွေဖျော့လာပြီဆိုရင် ရေဓါတ်လိုအပ်နေပါတယ်။ရေဆင်းကောင်းတဲ့ပန်းအိုးမျိုးမှာစိုက်ပေးတာပိုကောင်းပါတယ်။မြေသြဇာကိုလည်းအများကြီးကျွေးပေးစရာမလိုပါဘူးနော်။


Succulent & Cactus
ဒီအပင်လေးတွေကတော့အရမ်းလည်းချစ်စရာကောင်းမွေးအသင့်ဆုံးအပင်လေးတွေပါ။ကိုယ့်အိမ်ရဲ့ဧည့်ခန်းစားပွဲပေါ်မှာပဲဖြစ်ဖြစ်၊ စာအုပ်စင်ဘေးနားမှာပဲဖြစ်ဖြစ်ထားရင်တောင်အရမ်းချစ်စရာကောင်းပါတယ်။ရေဆိုရင်တော်ရုံကိုလောင်းစရာမလိုပါဘူးနော်။ အလင်းရောင်အလုံလောက်မရရင်လည်းအားနည်းတတ်တဲ့အတွက် အလင်းရောင်ရနိုင်တဲ့နေရာမျိုးမှာမကြာခဏထားပေးသင့်ပါတယ်။

Kelly-Akhayar Lifestyle

Photo Credit -Pinterest