အသင်းဟောင်း IG LoL အသင်းနဲ့ စာချုပ် ပြန်လည် ချုပ်ဆိုသွားဖွယ်ရှိတဲ့ Bot Lane ကစားသမား JackeyLove

နာမည်ကျော် Bot Lane ကစားသမား တစ်ဦးဖြစ်သူ Yu “JackeyLove” WenBo အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ Invictus Gaming LoL အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ အသင်းကနေ ထွက်ခွာသွားတဲ့ အချိန်က စတင်ပြီး JackeyLove ကို ကမ်းလှမ်းခဲ့တဲ့ အသင်းပေါင်း များစွာ ရှိခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ အသင်းသစ်ကို ပြောင်းရွေ့ခဲ့ခြင်း မရှိခဲ့ပါဘူး။

လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်း အချက်အလက်များအရ JacekyLove အနေနဲ့ အသင်းဟောင်း IG မှာပဲ ပြန်လည် ကစားသွားယ် ရှိတယ်လို့ သိရပါတယ်။ Invictus Gaming LoL အသင်းရဲ့ Mid Lane ကစားသမား Rookie ၊ Top Lane ကစားသမား TheShy တို့လောက် နာမည်ကျော်ကြားခြင်း မရှိပေမယ့် JackeyLove ဟာ အတွေ့အကြုံရင့် Bot Lane ကစားသမား တစ်ဦးဖြစ်သလို အကောင်းဆုံး Bot Lane ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင်လည်း ဖြစ်ပါတယ်။

အသင်းကနေ ထွက်ခွာခဲ့တဲ့ လအနည်းငယ် ကြာမြင့်သွားခဲ့ပြီ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ အသင်းသစ်ကို ပြောင်းရွေ့သွားခြင်း မရှိသေးတာကြောင့် 2020 LoL ရာသီမှာလည်း JackeyLove ကို IG LoL အသင်းမှာသာ မြင်တွေ့ သွားရဖွယ် ရှိပါတယ်။ လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်းအချက်အလက်များအရ IG LoL အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ JackeyLove တို့ အနေနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။

JackeyLove အနေနဲ့ Invictus Gaming LoL အသင်းနဲ့အတူ 2018 LoL World Championship ပြိုင်ပွဲကြီးမှာ အနိုင်ရ ဗိုလ်စွဲခဲ့သလို LPL, Demacia Cup စတဲ့ ပြိုင်ပွဲတွေမှာလည်း ပထမဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခုလို Invictus Gaming LoL အသင်းကို အောင်မြင်မှုတွေ စွတ်ခူးနိုင်စေဖို့ အတွက် တစ်ဖက်တစ်လှမ်းက‌နေ အထောက်အပံ့ ပေးခဲ့တဲ့ JackeyLove ကို IG LoL အသင်း အနေနဲ့လည်း အလွယ်တကူ ထွက်ခွာခွင့် ပေးသွားမှာ မဟုတ်ပါဘူး။

ဒါ့အပြင် JackeyLove အနေနဲ့ ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကို စတင် ခံယူစဉ် အချိန်က စတင်ပြီး IG LoL အသင်း တစ်သင်းတည်းမှာသာ ကစားခဲ့တာကြောင့် စာချုပ်သစ် ပြန်လည် ချုပ်ဆိုဖို့ အတွက် ညှိနှိုင်းဆွေးနွေးရာမှာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ပထမဆုံး အကြိမ်အဖြစ် အသင်းသစ်ကို ပြောင်းရွေ့သွားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် 2020 LoL ရာသီမှာ JackeyLove တစ်ယောက် Invictus Gaming LoL အသင်းမှာပဲ ဆက်လက် တည်ရှိနေမလား ဒါမှမဟုတ် အသင်းသစ်ကို ပြောင်းရွေ့သွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports