ယောကျ်ားလေးတွေကဘာလို့ပိုသဝန်တိုတာလဲ

ချစ်သူရည်စားစုံတွဲတွေတိုင်းမှာ အများအားဖြင့်ယောကျာ်းလေးတွေကပိုသဝန်တတ်တာတွေရတယ်အများအားဖြင့် ကောင်မလေးကသဝန်တိုတာမျိုးတွေလည်းရှိမှာပေါ့နော်။ဒါပေမဲ့ လေ့လာချက်အရဆိုကောင်လေးတွေကပိုသဝန်တိုတယ်နော်။ဘာဖြစ်လို့လဲဆိုရင်သူတို့ကပိုသဝန်တတ်လို့ပါ။ကိုယ့်ကောင်မလေးက အုပ်စုလိုက် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ အဲ့အုပ်စုထဲမှာယောကျာ်းလေးသူငယ်ချင်းများပါလာတယ်လို့သိသွားပြီးဆိုရင်အရမ်းတွေသဝန်တိုတတ်လာတယ်။အဲ့လိုဟိုလူနဲ့သဝန်တွေလိုက်တိုဒီလူနဲ့သဝန်တွေလိုက်တိုနေတာက သူတို့အမြင်မှာကျတော့ သူ့ကောင်မလေးကိုချစ်လို့၊တစ်ခြားသူလက်ထဲအပါမခံနိုင်လို့ဆိုတာမျိုးတွေလေးတွေပေါ့နော် အဲ့တာလေးတွေကတစ်ခုတစ်လေဆိုရင်တော့ချစ်စရာကောင်းတာတော့မှန်ပေမဲ့ အမြဲဆိုရင်တော့ချစ်သူနှစ်ဦးကြားမှာ ပူလောင်မှုတွေဖြစ်လာတတ်ပါတယ်။

ဘာလို့လဲဆိုရင် အရာရာတိုင်းကအိုဗာဖြစ်သွားရင်မကောင်းသလို ကောင်မလေးဘက်ကလည်းသူငယ်ချင်းတွေကြားမှာအားနာစရာမျိုးတွေလည်းဖြစ်လာတတ်ပါတယ်။အနည်းဆုံးတော့လူ့စည်းဆိုတာမျိုးရှိတာပိုကောင်းတယ်လို့မြင်ပါတယ်။ဒါပေမဲ့ တစ်ချို့ကောင်မလေးတွေကလည်း ယောကျာ်းလေးသူငယ်ချင်းဆိုပြီးရောရောနှောနှောနေတာမျိုးဆိုရင်တော့တစ်မျိုးပေါ့နော်။ယောကျာ်းလေးတိုင်းတော့ သဝန်တိုနေသလားဆိုတော့လည်းအဲ့လိုလည်းမဟုတ်ပါဘူး။ကောင်မလေးဘက်ကနေဘယ်လိုမှာနားမလည်နိုင်အောင်ကို သဝန်တိုနေတဲ့သူမျိုးတွေလည်းရှိပါတယ်။

Photo Credit - Pinterest

Kelly -Akhayar Lifestyle