ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် အသင်းနဲ့ လာရောက် ပူးပေါင်းနိုင်ခြင်း မရှိခဲ့တဲ့ LoL အသင်း Edward Gaming ရဲ့ ကစားသမားများနဲ့ နည်းပြများ

တရုတ်နိုင်ငံ အခြေစိုက် LoL ပြိုင်ပွဲ LPL Spring Split ပြိုင်ပွဲကို ယခင်အချိန်တွေတုန်းက Offline Event အဖြစ် ကျင်းပခဲ့ပေမယ့် ယခုအခါမှာ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားလျက် ရှိတာကြောင့် Online Event အဖြစ် ပြောင်းလဲကျင်းပရန် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

အခုလို LPL Spring Split ပြိုင်ပွဲကို Online Event အဖြစ် ပြောင်းလဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း တရုတ်နိုင်ငံ အခြေစိုက် LoL အသင်း Edward Gaming ရဲ့ အဓိက ကစားသမား သုံးဦးနဲ့ နည်းပြ နှစ်ဦးတို့ အနေနဲ့ နေအိမ်ကနေ ထွက်ခွာခွင့် ရရှိခြင်း မရှိခဲ့တာကြောင့် လက်ရှိအချိန်ထိ လာရောက် ပူးပေါင်းနိုင်ခြင်း မရှိခဲ့ပါဘူး။

Edward Gaming LoL အသင်းနဲ့ လာရောက် ပူးပေါင်းနိုင်ခြင်း မရှိသေးတဲ့ ကစားသမား သုံးဦးနဲ့ နည်းပြ နှစ်ဦးတို့ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Lim “Jinoo” Jin Woo – Top
  • Zhao “JieJie” Li Jie – Jungle
  • Chang “Xinyi” – Jungle
  • Ming “Clearlove” Kai – Head Coach
  • Lee “Heart” Gwan Hyun –Coach

အခုလို Edward Gaming LoL အသင်းနဲ့ လာရောက် ပူးပေါင်းနိုင်ခြင်း မရှိခဲ့တဲ့ အထဲမှာ Jungle ကစားသမား နှစ်ဦးဖြစ်တဲ့ JieJie နဲ့ Xinyi တို့ ပါဝင် နေခဲ့တာကြောင့် Edward Gaming အတွက် Jungle Position မှာ ကစားပေးနိုင်မယ့် ကစားသမားဆိုလို လူငယ်အကယ်ဒမီ ကစားသမား တစ်ဦးဖြစ်သူ Yu “JunJia” Chun Chia တစ်ဦးသာ ကျန်ရှိပါတော့တယ်။ JunJia အနေနဲ့ LPL ပြိုင်ပွဲမှာ တစ်ခါမှ ဝင်ရောက် ယှဥ်ပြိုင်ဖူးခြင်း မရှိသေးတာကြောင့် Edward Gaming အတွက်တော့ ဆိုးဝါးတဲ့ ထိုးနှက်ချက် တစ်ခုပဲ ဖြစ်ပါတယ်။

Clearlove

Top Lane ကစားသမား Jinoo အနေနဲ့ အသင်းနဲ့ လာရောက် ပူးပေါင်းနိုင်ခြင်း မရှိသေးပေမယ့် အခြားသော နာမည်ကျော် Top Lane ကစားသမား တစ်ဦးဖြစ်သူ Zhao “Aodi” Ao Di အနေနဲ့ Edward Gaming LoL အသင်းနဲ့ လာရောက် ပူးပေါင်းနိုင်ခဲ့ပြီ ဖြစ်တာကြောင့် Top Lane အတွက်တော့ စိတ်ချရဖွယ် ရှိပါတယ်။

ဒါပေမယ့်လည်း နည်းပြချုပ်ဖြစ်သူ Clearlove နဲ့ လက်ထောက်နည်းပြဖြစ်သူ Heart တို့ နှစ်ဦးလုံး အသင်းနဲ့ လာရောက် ပူးပေါင်းနိုင်ခြင်း မရှိတာကြောင့် အသင်းကို ဦးဆောင်ညွှန်ကြားဖို့ အတွက် ကစားဟန်တွေ ချမှတ်ဖို့ အတွက် နောက်ထပ် လက်ထောက် နည်းပြဖြစ်သူ Cheng “CorGI” Pin Lun တစ်ဦးတည်းကသာ တာဝန်ယူ လုပ်ဆောင်သွားရတော့မှာ ဖြစ်ပါတယ်။

Edward Gaming

Edward Gaming အနေနဲ့ ကြာသပတေးနေ့မှာ Suning ၊ စနေနေ့မှာ eStar စတဲ့ LoL အသင်းတွေနဲ့ ယှဥ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် အဓိက ကစားသမားတွေ၊ နည်းပြတွေ ပါဝင်ခြင်း မရှိတဲ့ Edward Gaming အဖွဲ့သားတွေ အနေနဲ့ အနိုင်ရလဒ်ကို ဖော်ဆောင်သွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports