မီးဖိုချောင်သန့်ရှင်းရေးကိုဘာကြောင့်မကြာခဏလုပ်သင့်တာလဲ

အိမ်တစ်အိမ်ရဲ့ မိသားစုတစ်စုဆိုမှာရင်ကျန်းမာရေးကအဓိကလို့လည်းပြောလို့ရပါတယ်။ကျန်းမာရေးကောင်းဖို့ဆိုရင် ကိုယ်အိမ်နောက်ကမီးဖိုချောင်လည်း သန့်ရှင်းနေဖို့လိုအပ်ပါတယ်နော်။ ဘာလို့လည်းဆိုရင်တော့ ကိုယ်နေ့စဉ်အတူတကွစားနေတဲ့ထမင်းဟင်းချက်တဲ့နေရာကလည်းရောဂါပိုမွှားတွေကအများဆုံးလာတတ်လို့ဖြစ်ပါတယ်။စားကြွင်းစားကျန်တွေကိုလည်းအမြဲအညစ်အကြေးမကျန်အောင်နေ့စဉ်သိမ်းဆည်းပြီးအမှိုက်ပုံးထဲစနစ်တကျစွန့်ပစ်ဖို့လည်းလိုအပ်ပါတယ်နော်။

တစ်နေ့အကြွင်းအကျန်ကိုတစ်နေ့စွန့်နိုင်ရင်တော့အကောင်းဆုံးပေါ့နော်။အမှိုက်ပုံးထဲစွန့်ပစ်တဲ့နေရာမှာလည်းကိုယ်အိမ်ကအမှိုက်ကို အစိုနဲ့အခြောက်ခွဲခြားတတ်ဖို့လိုပါတယ်နော်။မီးဖိုချောင်ရဲ့ပန်းကန်ထားတဲ့စင်တွေရဲ့အောက်ဘက်မှာပိုးတွေရှိနေတတ်ပါတယ်။အဲ့လိုနေရာတွေကိုဆိုတစ်ပတ်တစ်ခါတိုက်ချွတ်ဆေးပေးနိုင်ရင်ပိုကောင်းပါတယ်။ကိုယ့်အိမ်ရဲ့မီးဖိုချောင်ကသန့်ရှင်းသန့်ရပ်နေရင်လည်း ကိုယ့်ရဲ့စိတ်လေးကကြည်လင်နေပါလိမ့်မယ်၊မယုံမရှိပါနဲ့နော်။တကယ်လို့ကိုယ်ကမီးဖိုချောင်ကို သန့်ရှင်းသန့်ရပ်မှုမရှိဘူးဆိုရင် မလိုလားအပ်တဲ့ရောဂါတွေဝင်လာနိုင်ပါတယ်။

နောက်တစ်ခု ကမ္ဘာကြီးကိုအကျိုးပြုနေတဲ့ အိမ်ရှင်မတစ်ယောက်အနေနဲ့ဆိုပလတ်စတတ်အိတ်တွေလျော့သုံးဖို့အကြံပြုလိုက်ချင်ပါတယ်။ဈေးထဲကဈေးဝယ်ရင်ရလာတဲ့ကျွတ်ကျွတ်အိတ်တွေကိုစားကြွင်းစားကျန်အညစ်အကြေးတွေစွန့်ပစ်တဲ့နေရာမှာပြန်သုံးတာမျိုးလုပ်ပေးလို့ရပါတယ်နော်။အဲ့တော့ ကိုယ့်ရဲ့မီးဖိုချောင်ကိုသန့်ရှင်းသန့်ရပ်အောင်လုပ်ခြင်းအားဖြင့် ကိုယ့်မိသားစုရဲ့ကျန်းမာရေးကိုဂရုစိုက်သင့်ပါတယ်နော်။

Photo Credit -Unsplash

Kelly - Akhyar Lifestyle