ကိုးရီးယားကိုရောက်နေတယ်လို့ခံစားရအောင်ဖြစ်စေနိုင်တဲ့ အစားစာတွေကဘာတွေများလဲ

ကိုးရီးယားဇာတ်လမ်းကောင်းတွေကြည့်ပြီးတော့ ဗိုက်ဆာနေကြပြီလား ? ကိုးရီးယားအစားအသောက်တွေထဲကမှာ ဘာအစားအသောက်လေးတွေဆို ကိုးရီးယားကိုရောက်သွားတယ်လို့ခံစားမိကြလဲ ?

Kimchi
ကိုးရီးယားကင်ချီက မြန်မာလူမျိုးတွေအတွက် ခံတွင်းတွေ့စေတဲ့အစားအသောက်တစ်ခုလည်းဖြစ်ပါတယ်။ လက်တစ်အက်စက်ဘက်တီးရီယား  ပါဝင်တဲ့အတွက် အူနဲ့အစာအိပ်ကောင်းမွန်စေပြီး ဝမ်းမမှန်တဲ့သူတွေအတွက်လဲ ဝမ်းကိုမှန်စေပါတယ်။ကင်ချီရဲ့အားသာချက်က ဘာနဲ့ပဲတွဲစားတွဲစား အရန်ဟင်းအနေနဲ့အကုန်လိုက်ဖက်နေတာမျိုးပါနော်။ခေါက်ဆွဲပြုတ်ပူပူလေးနဲ့ပဲတွဲစားမလား ၊ ဟင်းရည်ပူပူလေးသောက်ချင်လို့ ကင်ချီဟင်းရည်လေးပဲ လုပ်သောက်မလား၊ အလွယ်တကူလည်း စားလို့ရပြီး ကိုယ်ခံအားလည်းကောင်းမွန်စေပါတယ်။ကင်ချီတွေကဈေးကွက်မှာအမျိုးမျိုးထွက်နေသလို၊တကယ်ကိုးရီးယားအရသာကိုခံစားမိစေတဲ့ ကင်ချီမျိုးကိုတော့ရှာတတ်မှရမှာနော်။ အဲ့တော့သေချာလေးရှာဝယ်စားကြည့်ဖို့ အကြံပေးချင်ပါတယ်။ကိုးရီးယားကင်ချီတွေကိုအလွယ်တကူဝယ်လို့ရတဲ့နေရာတွေကိုပြောပါဆိုရင်  Marketplace, CityMart, Ocean Supermarket တို့မှာ Jongga Kimchi ကိုဝယ်စားကြည့်ဖို့လည်းလက်တို့လိုက်မယ်နော်။

Ginseng
ဂျင်ဆင်းက ကိုးရီယားလူမျိုးတွေအသုံးပြုတဲ့ တိုင်းရင်ဆေးတစ်မျိုးလည်းဖြစ်တဲ့အပြင်၊အာဟာရဖြည့်ဟင်းရည်တစ်မျိုးအနေနဲ့ ဂျင်ဆင်းကြက်ပေါင်းဟင်းရည်တွေအနေနဲ့ စားသုံးကြပါတယ်။ ကိုးရီးယားဂျင်ဆင်းမှာပါဝင်တဲ့အာနိသင်တွေက  ကိုယ်ခံစွမ်းအားကိုမြှင့်တင်စေနိုင်တဲ့အပြင်၊ပင်ပန်းနွမ်းနယ်တာတွေ၊သွေးလည်ပတ်မှုအားကောင်းတာတွေ၊ ကင်ဆာရောဂါကိုလည်းကာကွယ်ပေးနိုင်ပါတယ်။အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတွေကိုလည်းကာကွယ်ပေးနိုင်သလို၊ နုပျိုခြင်းကိုလည်းပိုင်ဆိုင်ရမှာပါနော်။ ပုံမှန်သောက်ပေးရင်ကင်ဆာပိုးတွေကို ကုသပေးနိုင်တယ်ဆိုတော့ဂျင်ဆင်းရဲ့အသုံးဝင်ပုံကတော့အံမခန်းပဲ။ ဒါ့ကြောင့် ကျန်းမာရေးအတွက် လုံးဝမှီဝဲသင့်နေပါပြီ။ဂျင်ဆင်းကို ဝယ်ယူချင်တဲ့သူတွေအတွက်ဆို Rgo47 တို့မှာ ဒါမှမဟုတ် ပေးထားတဲ့ Link တွေထဲဝင်ပြီးအလွယ်တကူမှာယူလို့ရနေပြီနော်။
Rgo47                   - (https://www.rgo47.com/aisearch?search=red+ginseng)
Facebook page link -  (https://www.facebook.com/Hinodeginseng)

Yuja Tea
Yuja ဆိုတဲ့အသီးက ရှောက်ပျားလိမ္မော်သီးအမျိုးအစားထဲမှာပါဝင်ပါတယ်။ Vitamin C ပြည့်ဝစေတဲ့အတွက်ကိုးရီးယားလူမျိုးတွေက အလှအကုန်အတွက်ရော၊စားသုံးကုန်တွေမှာရော ကုန်ကြမ်းအနေနဲ့အသုံးပြုကြပါတယ်။Yuja Tea က ချိုချဉ်အရသာလေးလည်းဖြစ်ပြီး သောက်လို့လည်းကောင်းတဲ့အပြင်နှာစေးတာတွေ၊ဖျားနှာတာတွေ၊ချောင်းဆိုးတာတွေကိုသက်သာစေနိုင်တာဆိုတော့ အခုလိုမိုးရာသီတွေမျိုးနဲ့ဆိုလုံးဝကွက်တိပါနော်။Yaja Tea ကိုအရမ်းကြိုက်စေတဲ့နောက်တစ်ချက်က မင်မင်တို့လိုအစားအသောက်အမြဲစားနေတဲ့သူတွေဆို အစာခြေစနစ်ကိုကောင်းစေတဲ့အပြင် အသားအရေကိုပါကြည်လင်စေနိုင်ပါတယ်။ အလုပ်ကပင်ပင်ပန်းပန်းနဲ့ပြန်လာတဲ့အချိန်ဆိုရင် Yuja Tea လေးသောက်လိုက်ရင်တောင် အမောပြေပြီး လန်းဆန်းသွားတယ်လို့ခံစားရမှာအမှန်ပါနော်။

Kelly -Akhayar Lifestyle