SEA Leaderboard ရဲ့ ထိပ်ဆုံးနေရာကို သိမ်းပိုက်နိုင်ခဲ့တဲ့ GeekFam Dota 2 အသင်းရဲ့ Offlane ကစားသမား Kuku

မလေးရှားနိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် Dota 2 အသင်း GeekFam အနေနဲ့ 2019-2020 DPC ရာသီရဲ့ တတိယမြောက် Major ပြိုင်ပွဲ ESL One LA Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိရေး အတွက် ယှဥ်ပြိုင် ကစားခဲ့ရတဲ့ လက်ရည်စစ်ပွဲ ကာလက စတင်ကာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့သလို ESL One LA Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကိုလည်း အလွယ်တကူပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Kuku

ESL One LA Major လက်ရည်စစ်ပွဲ တစ်လျှောက် GeekFam Dota 2 အသင်းရဲ့ Offlane ကစားသမားဖြစ်သူ Kuku အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ဆက်တိုက် ဆိုသလို ပြသနိုင်ခဲ့သလို ယခုအခါမှာလည်း South East Asia (Core) Leaderboard ရဲ့ နံပါတ် (၁) နေရာကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Kuku အနေနဲ့ South East Asia (Core) Leaderboard ရဲ့ နံပါတ် (၁) နေရာကို ရယူနိုင်ခဲ့တာကြောင့် SEA Leaderboard ရဲ့ MMR အများဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Kuku အနေနဲ့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမားကို စတင် ခံယူခဲ့စဥ် အချိန်တုန်းက Mid Lane ကစားသမား အဖြစ် စတင်ခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ Offlane ကစားသမား ဘဝကို ပြောင်းရွေ့ ခံယူခဲ့ပါတယ်။

အခုလို Role အပြောင်းအလဲ ပြုလုပ် ကစားခဲ့ပေမယ့်လည်း Kuku အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ဆက်လက် ပြသနိုင်ခဲ့သလို ယခုအခါမှာလည်း SEA ဒေသတွင်း နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Armel, Mikoto တို့ကို ကျော်ဖြတ်ကာ Leaderboard ရဲ့ နံပါတ် (၁) နေရာကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

GeekFam

ဒါကြောင့် SEA Leaderboard ရဲ့ နံပါတ် (၁) နေရာကို ရယူနိုင်တဲ့ အထိ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ထားတဲ့ Kuku တစ်ယောက် ESL One LA Major ပြိုင်ပွဲကြီးမှာ GeekFam Dota 2 အသင်းနဲ့အတူ ဘယ်လို အောင်မြင်မှုတွေကို သိမ်းပိုက်သွားမယ် ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming