FLASHPOINT SEASON 1 CSGO ပြိုင်ပွဲမှာ Team Envy ကိုယ်စားပြု ဝင်ရောက် ကစားပေးသွားမယ့် နည်းပြကြီး LEIJA

FLASHPOINT SEASON 1 ဆိုတာကတော့ မတ်လ ၁၃ ရက်နေ့ကနေ ဧပြီလ ၁၉ ရက်နေ့အထိ ကျင်းပသွားမယ့် S-Tier အဆင့်ရှိ CSGO ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက FLASHPOINT SEASON 1 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိတဲ့ Team Dignitas အနေနဲ့ အသင်းရဲ့ လူငယ်ကစားသမားဖြစ်သူ Hallzerk တစ်ယောက် ဗီဇာအခက်အခဲများနဲ့ ရင်ဆိုင်နေရတာကြောင့် Na’Vi CSGO အသင်းရဲ့ အရံကစားသမားဖြစ်သူ Gurdian ကို အစားထိုး ကစားသမား အဖြစ် ခေါ်ယူခဲ့ရပါတယ်။

Moose

ယခုအခါမှာလည်း Team Envy CSGO အသင်း အနေနဲ့ အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်သူ Kaleb “Moose” Jayne တစ်ယောက် ဗီဇာ အခက်အခဲများနဲ့ ရင်ဆိုင်နေရတာကြောင့် နည်းပြဖြစ်သူ LEIJA အနေနဲ့ Moose နေရာမှာ ဝင်ရောက် ကစားသွားမှာဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။

LEGIJA အနေနဲ့ ပရိုဖက်ရှင်နယ် CSGO နည်းပြဘဝကို ခံယူခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် အသင်းရဲ့ လိုအပ်ချက်အရ အခုလို ကစားသမား ဘဝကို ခေတ္တပြန်လည် ခံယူဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ LEGIJA အနေနဲ့ BIG CSGO အသင်းမှာ နည်းပြအဖြစ် တာဝန်ယူခဲ့စဉ် အချိန်တုန်းကလည်း အစားထိုး ကစားသမား အဖြစ် ခေတ္တ ဝင်ရောက် ကစားပေးခဲ့ဖူးပါတယ်။

LEGIJA

ဒါပေမယ့်လည်း Moose ဟာဆိုရင် Team Envy CSGO အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်သလို အသင်းအတွက် အဓိက အကျိုးပြုပေးလျက်ရှိတဲ့ ကစားတစ်ဦးလည်း ဖြစ်တာကြောင့် နည်းပြကြီး LEGIJA အနေနဲ့ Moose နေရာမှာ ဝင်ရောက် ကစားရမှာ ဖြစ်တာနဲ့ အညီ ဖိအားတွေနဲ့တော့ ရင်ဆိုင်ရမှာ အသေအချာပါပဲ။

လက်ရှိအချိန်မှာ Moose အနေနဲ့ ဗီဇာရရှိဖို့ ဆက်လက် ကြိုးပမ်းလျက် ရှိတာကြောင့် Moose တစ်ယောက် အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိခင် အချိန်အထိ LEGIJA အနေနဲ့ အစားထိုး ကစားသမား အဖြစ် တာဝန် ယူပေးသွားရမှာ ဖြစ်ပါတယ်။

LEGIJA

Tean Envy CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Noah “Nifty” Francis
  • Ryan “ryann” Welsh
  • Bugra “Calyx” Arkin
  • Michal “MICHU” Muller
  • Nikola “LEGIJA” Ninic (Stand-In)

REF: VpEsports