ယောကျာ်းလေးကရော အလှအပပြုပြင်တတ်ဖို့လိုလား

အခုခေတ်မှာယောကျာ်းလေးတွေအနေနဲ့ အလှအပပြုပြင်လာကြပါတယ်။အလှအပကြိုက်တယ်ဆိုတာက အလှကြီးပဲအမြဲပြင်နေတာကိုပြောတာမဟုတ်ဘူးနော်။ သပ်သပ်ရပ်ရပ်နဲ့ ကိုယ့်ကိုကိုယ်ခေတ်မီပြီး ယောကျာ်းလေးပီသတယ်၊ အလှအပဆိုတာကတော့ ကျားမရွေး ပြုပြင်ထိန်းသိမ်းသင့်တဲ့ အရာတစ်ခုပါနော်။ယောကျာ်းလေးတိုင်းအခြေခံကျတဲ့ထိန်းသိမ်းမှူအနေနဲ့ဘာတွေလုပ်သင့်လဲဆိုတာကိုလေ့လာကြည့်ရအောင်နော်။
ချေးချွတ်ပါ
မျက်နှာပေါ်မှာရှိတဲ့ ဖုန်တွေ၊အညစ်အကြေးတွေကို သန့်စင်မပေးဘူးဆိုရင်  အချိန်တွေကြာလာရင် ဆဲလ်တွေကသေသွားနိုင်ပြီး အရေးပြားရောဂါတွေဖြစ်ပေါ်လာနိုင်ပါတယ်။အနည်းဆုံး တစ်ပတ်ကိုနှစ်ကြိမ်လောက်တော့မဖြစ်မနေလုပ်ပေးသင့်ပါတယ်နော်။ ချေးချွတ်ရင်လည်း ရေချိုးခန်းထဲမှာရှိတဲ့ တွေ့တဲ့ ဆပ်ပြာနဲ့ပဲချွတ်လိုက်တာမျိုးမဟုတ်ပဲ ကိုယ့်အသားအရေနဲ့အဆင်ပြေတဲ့ Skin Care မျိုးကိုလည်းရွေးချယ်သုံးပေးဖို့လိုအပ်ပါတယ်။


ကိုယ့်လက်သန့်ရှင်းမှု
ဒီအချက်ကတော့ အရေးကြီးဆုံးလို့ပြောလို့ရပါတယ်။လက်သည်းခြေသည်းပုံမှန်ညှပ်ခြင်း၊ နှုတ်ခမ်းမွေးတွေကိုသေသေသပသပ်ရိပ်ခြင်း၊  ဒီချက်တွေကတော့ အခြေခံကျဆုံးဆိုပေမဲ့ နေ့စဉ်နေ့တိုင်းအမြဲဂရုစိုက်သင့်ပါတယ်။ Hygiene ဖြစ်တဲ့သူဆိုရင်တော့ ဒီအချက်လေးတွေကတော့ အလေးထားပြီးပြုလုပ်ကြပါတယ်။


Workout
Workout ကယောကျာ်းလေး၊မိန်းကလေးမှမဟုတ်ပါဘူး Workout လုပ်ခြင်းက အလှအပအတွက်ပါမဟုတ်ပဲနဲ့ ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ Workout လုပ်ထားတဲ့ ယောကျာ်းလေးတွေက မလုပ်ထားတဲ့သူနဲ့ဆိုဆွဲဆောင်မှုရှိခြင်းကွာပါတယ်။ပုံမှန်လေးလုပ်ပေးနေရင်တောင်ခန္ဓာကိုယ်အတွက်လည်း ကြည့်ကောင်းပါတယ်။

Photo Credit - Pinterest

Kelly - Akhayar Lifestyle