TI နှစ်ထပ်ကွမ်း ချန်ပီယံ Dota 2 အသင်း OG ကို ပြောင်းရွေ့သွားဖွယ်ရှိတဲ့ MidOne

TI နှစ်ထပ်ကွမ်း ချန်ပီယံ Dota 2 အသင်း OG အနေနဲ့ တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း အတည်ပြုသွားခဲ့ပြီး‌ နောက်ပိုင်းမှာတော့ OG Dota 2 အသင်းကနေ အနားယူဖွယ်ရှိတဲ့ Carry ကစားသမား Ana နေရာမှာ အစားထိုးသွားဖွယ်ရှိတဲ့ ကစားသမားတွေနဲ့ ပတ်သတ်ပြီး ကောလာဟလပေါင်းများစွာ ထွက်ပေါ်လာခဲ့ပါတယ်။ ယခုအခါမှာလည်း အသင်းလက်မဲ့ဖြစ်နေတဲ့ MidOne တစ်ယောက် OG Dota 2 အသင်းကို ပြောင်းရွေ့သွားဖွယ်ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်လို့ လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။

Ana

ESL One Hamburg 2019 ပြိုင်ပွဲမှာ Yang အစား Vici Gaming မှာ ဝင်ရောက် ကစားသွားတဲ့ မလေးရှားနိုင်ငံသား Lee “X1aOyU” Qian Yu ရဲ့ ပြောကြားချက်များအရ MidOne အနေနဲ့ OG Dota 2 အသင်းကို ပြောင်း‌ရွေ့သွားဖွယ် ရှိတယ်လို့ သိရပါတယ်။

X1aOyU ရဲ့ ပြောကြားချက်များအရ MidOne အနေနဲ့ မလေးရှားနိုင်ငံသား သီးသန့် Dota 2 အသင်း တစ်သင်းကို တည်ထောင်ဖို့ အတွက် စိတ်ကူးထားကြောင်း၊ သူ့ကိုလည်း အဆိုပါ အသင်းမှာ ဝင်ရောက် ကစားပေးဖို့ ခေါ်ထားကြောင်း၊ လက်ရှိအသင်းကနေ ထွက်ခဲ့ဖို့လည်း ပြောခဲ့ကြောင်း၊ ဒါပေမယ့်လည်း OG Dota 2 အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပြီး‌ နောက်မှာတော့ သူ့အစီအစဥ်ကို ဖျက်သိမ်းပြီး OG Dota 2 အသင်းကို ပြောင်းရွေ့ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

MidOne

လက်ရှိအချိန်မှာ အဆိုပါ ကောလာဟလနဲ့ ပတ်သတ်ပြီး သက်သေ အတိအကျ ရရှိခြင်း မရှိသေးသလို MidOne နဲ့ ပတ်သတ်ပြီး ကောလာဟလတွေကလည်း အများအပြား ထွက်ပေါ်လျက် ရှိတာကြောင့် MidOne တစ်ယောက် OG Dota 2 အသင်းကို အမှန်တကယ် ရောက်ရှိသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports