Mobile Legends နဲ့ နာမည်ကျော် Anime တစ်ခုဖြစ်တဲ့ Bleach တို့ ပူးပေါင်းပြီး Skin အသစ်များ ထုတ်လုပ်သွားဖွယ်ရှိ

Mobile Legneds အနေနဲ့ အခြားသော နာမည်ကျော် ကုမ္ပဏီတွေနဲ့ ပူးပေါင်းကာ Skin အသစ်တွေ၊ Product အသစ်တွေကို ယခင် အချိန်တွေကတည်းက ထုတ်လုပ်ပေးခဲ့ပါတယ်။ ယခုအခါမှာလည်း နာမည်ကျော် Anime Series တစ်ခုဖြစ်တဲ့ Bleach နဲ့ ပူးပေါင်းကာ Skin အသစ်တွေ ထုတ်ပေးသွားဖွယ် ရှိတယ်လို့ In-Game Meesage ကနေ တစ်ဆင့် အရိပ်အမြွက် ပြသသွားခဲ့ပါတယ်။

Moonton အနေနဲ့ In-Game Message ကနေ တစ်ဆင့် Mobile Legends ကစားသမားတွေကို Bleach နဲ့ ပတ်သတ်တဲ့ စစ်တမ်းကောက်ခံခဲ့ပြီး အဆိုပါ စစ်တမ်းမှာ MLBB ကစားသမားတွေ အနေနဲ့ Anime ကာရိုက်တာတွေကို Skin အဖြစ် ထုတ်လုပ်ပေးသွားမယ်ဆိုရင် သဘောကျ နှစ်သက်မှု ရှိမရှိ မေးမြန်းသွားခဲ့ပါတယ်။

Alucard

လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်များအရ Assassin/ Fighter အမျိုးအစား Hero ဖြစ်တဲ့ Alucard ရဲ့ Skin အဖြစ် Bleach Anime Series ရဲ့ နာမည်ကျော် ကာရိုက်တာ Ichigo Kurosaki ကို မကြာခင် အချိန်အတွင်း မြင်တွေ့သွားရဖွယ် ရှိတယ်လို့ သိရပါတယ်။

Ichigo Kurosaki

MLBB အနေနဲ့ ယခင်အချိန်တွေတုန်းကလည်း နာမည်ကျော် ဂျပန် ဗွီဒီယိုဂိမ်း တစ်ခုဖြစ်တဲ့ King of Fighters ရဲ့ Characters တွေကို MLBB Hero တွေရဲ့ Skin တွေအဖြစ် ထုတ်လုပ်ပေးခဲ့သလို ပရိသတ်အများစုကလည်း ကြိုက်နှစ်သက်ခဲ့ကြတာကြောင့် အခုလို နာမည်ကျော် Anime Series ဖြစ်တဲ့ Bleach နဲ့ ပူးပေါင်းကာ Skin အသစ်တွေကို ထုတ်လုပ်သွားဖို့ ကြံရွယ်ခဲ့တာ ဖြစ်နိုင်ပါတယ်။

လက်ရှိအချိန်မှာ Bleach Anime Series မှာ ပါဝင်တဲ့ Characters တွေရဲ့ Skin ကို ဘယ်အချိန်မှာ မြင်တွေ့သွားရမယ် ဆိုတာကို MLBB ဘက်က တရားဝင် ကြေငြာခြင်း မရှိသေးပေမယ့် သိပ်မကြာခင် အချိန်အတွင်းမှာ မြင်တွေ့သွားရဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူများကတော့ ခန့်မှန်းထားကြပါတယ်။

REF: OneEsports