Money Heist ဇာက်ကောင်တွေအထဲမှာ ဘယ်သူ့ကိုအကြိုက်ဆုံးလဲ

ဘဏ်ကိုဓါးမြတိုက်တဲ့ ဇာတ်လမ်းတွေအထဲမှာ ဘယ်ဇာတ်လမ်းတွေကြည့်ဖြစ်လဲ ? Netflix ရဲ့ Origianl ဇာတ်ကားတွေအထဲမှာ အအောင်မြင်ဆုံး Series လို့တောင်ပြောလို့ရတဲ့ Money Heist ဇာတ်ကားက စပိန်ပြည်တွင်းမှာပဲ ပြသဖို့လုပ်ထားပေမဲ့ Netflix ကဝယ်ပြီးပြသလိုက်တဲ့အခါမှာ မထင်မှတ်လောက်အောင်အရမ်းအောင်မြင်သွားတယ်လို့ပြောလို့ရပါတယ်။ အဲ့ဇာတ်ကားထဲကဇာတ်ကောင်တွေကလည်းအရမ်းမိုက်တယ်လို့ပြောလို့ရပါတယ်။ဇာတ်ကောင်တစ်ယောက်ချင်းစီကလိုလေးသေးမရှိ သရုပ်ဆောင်ထားတယ်ဆိုတော့ ကိုယ့်ကရောဘယ်ဇာတ်ကောင်ကိုအကြိုက်ဆုံးလဲ ?


ရီယို
ရီယိုက ကလေးဆန်တယ်လို့ပြောလို့ရမလား ၊ခံစားချက်ကိုဦးစားပေးတယ်၊အချစ်ကိုဦးစားပေးချင်တဲ့လူစားမျိုးပါ၊အဖြူအထည်လေးလို့လည်းပြောလို့ရပါတယ်နော်။

ဒန်မာ
ဒန်မာက ဒေါသကြီးတယ်၊ယသူတစ်ပါးကို ယုံကြည်တာလွယ်တယ်လို့ပြောလို့ရပါတယ်၊သူ့ရဲ့ပုံစံလေးက တစ်ပါးသူကခန့်မှန်းရခက်တဲ့ပုံစံပေါက်တယ်။ ပြောရရင် ကမူးရှူးတိုး ဆန်တယ်လို့တောင်ပြောလို့ရတယ်။

တိုကျို
တော်တော်များများကြည့်တဲ့သေူတွက တိုကျိုကိုသဘောကျတာများတယ်။ဘာလို့လဲဆိုတော့ သူကရုပ်ချော်တယ်၊တည်ရှိတယ်၊ သူကစဉ်းစားရင်လည်း လက်ရှိအခြေအနေကိုပဲဦးစားပေးစဉ်းစားတာများတယ်။လောကကြီးကိုသိပ်ဂရုစိုက်တဲ့သူမျိုးတော့မဟုတ်ဘူးပေါ့နော်။

ဘာလင်
ဘာလင်က အကျင့်နည်းနည်းယုတ်တယ်လို့ပြောလို့ရတယ်။ကိုယ်ချင်းစားတရာမရှိဘူး၊ဘဝကိုပျော်ပျော်နေတတ်၊သူ့ရဲ့မကောင်းတဲ့အကျင့်နောက်တစ်ခုက ညစ်ပတ်တယ်။

စတော့ဟုမ်း
စတော့ဟုမ်းက အားနွဲ့တဲ့ပုံစံပေါက်တယ်ဆိုတော့ သူကအမြဲလှည့်စားတာခံရတယ်။သူကအားနွဲ့တဲ့မိန်းကလေးတစ်ယောက်ရဲ့ပုံစံလည်းပေါက်တယ်။

နိုင်ရိုဘီ
မိသားစုကိုခင်တွယ်တယ်။အဖွဲ့အစည်းအပေါ်လည်း ထိန်းချုပ်နိုင်စွမ်းရှိတယ်။သူ့ဆီမှာက ကူညီရိုင်းပင်းတတ်တဲ့စိတ်လည်းရှိတယ်၊သူငယ်ချင်းအပေါင်းအသင်းတွေအပေါ်မှာလည်းသစ္စာရှိတယ်။

ပရော်ဖက်ဆာ
ပရော်ဖက်ဆာ ကအားလုံးထဲမှာအဓိကမင်းသားလို့လည်းပြောလို့ရပါတယ်။အလုပ်ကိုစနစ်တကျလုပ်တယ်၊အသေးစိတ်ကအစစဉ်းစားတတ်တယ်၊တစ်ခါတစ်လေ ခန့်မှန်းရခက်တယ်၊လူတွေကိုမယုံကြည်တတ်ဘူး။လက်တွေ့ကျကျလည်းတွေးတတ်တယ်။

Kelly -Akhayar Lifestyle

Photo Credit - Pinterest