မနက်ခင်းတိုင်းလေ့ကျင့်ခန်းဘာလို့လုပ်သင့်လဲ

တစ်နေ့တာရဲ့အစကအစပြုမယ်ဆိုရင် လေ့ကျင့်ခန်းလေးလုပ်ပြီးအစပြုတာကတော့ကျန်းမာရေးနဲ့လည်းညီညွတ်သလို၊တစ်နေ့တာအတွက်ကောင်းမွန်သော Energy တွေကိုရရှိနိုင်တယ်ဆိုတာမမှားပါဘူးနော်။နောက်ပြီးသွေးလည်ပတ်မှုအားကောင်းစေတဲ့အတွက် လေ့ကျင့်ခန်းကတော့လုပ်ပေးသင့်ပါတယ်။မနက်အစောကြီးကိုယ်နေတဲ့ပတ်ဝန်းကျင်နားမှာလမ်းထလျှောက်ပြီးပေါ့ပေါ့ပါးပါးဖြစ်တဲ့လေ့ကျင့်ခန်းတွေကိုလုပ်ပေးနိုင်ရင်တော့လည်းအကောင်းဆုံးပေါ့။ အခုကမိုးရာသီဆိုတော့ အပြင်ထွက်လို့မရရင်တောင်အိမ်မှာနေရင်းနဲ့အလွယ်ကတကူပြုလုပ်လို့ရတဲ့လေ့ကျင့်ခန်းလေးတွေပြောပြပေးချင်ပါတယ်။

Push Up

Push Up လေ့ကျင့်ခန်းလေးက ခန္ဓာကိုယ်ကို မှောက်ယက်လဲချပြီးတော့လက်နှစ်ဖက်ကိုအသုံးပြုပြီးပြထပေးရပါတယ်။တစ်ခါလုပ်ရင်အနည်းဆုံးအကြိမ်နှစ်ဆယ်လောက်သုံးခါလုပ်ပေးသင့်ပါတယ်။အခုမှစပြီးလုပ်တဲ့သူတွေဆိုရင်တော့ ဆယ်ကြိမ်လောက်လုပ်ပေးရင်ရပါတယ်။

Bicycle Crunches


ဒီလေ့ကျင့်ခန်းလေးကတော့စီးဘီးစီးသလိုသဘောမျိုးပါပဲ။ဒါပေမဲ့သူကတော့ခြေတောက်နှစ်ဖက်ကိုပဲအသုံးပြုပြီး ခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းကိုတော့အိပ်ချရပါမယ်။ဗိုက်ရဲ့အားကိုအသုံးပြုတဲ့အတွက်အဆီလည်းကျစေတဲ့လေ့ကျင့်ခန်းမျိုးလေးပါ။

Lunges
Lunges လေ့ကျင့်ခန်းကအဓိကဒူးကိုအဓိကအသုံးပြုရတဲ့လေ့ကျင့်ခန်းဖြစ်သလို ခါးကိုလည်းအကြောပြေစေပါတယ်။ ဒူးမကောင်းတဲ့သူတွေဆိုရင်တော့ အကြိမ်အရေအများကြီးလုပ်ဖို့မကောင်းပါဘူးနော်။

Kelly -Akhayar Lifestyle

Video - You Tube