“ရာသီခွင်တစ်ခုချင်းစီရဲ့ ကိုယ်ပိုင်အရောင်များ”

ရာသီခွင် တစ်ခုချင်းဆီမှာ  သူ့ရဲ့ ကိုယ်ပိုင် Power color  ဆိုပြီး ရှိကြပါတယ်။ လူတစ်ယောက်က ကိုယ့်ကို ပထမဆုံးစတွေ့တဲ့ အချိန်မှာ ကိုယ်ဝတ်ထားတဲ့ အကျီအရောင်ကနေဖြစ်ဖြစ် ကိုယ့်အပေါ်အမြင် ဒါမှမဟုတ် ကိုယ့်ရဲ့ စိတ်နေစိတ်ထားကိုလည်း ဆုံးဖြတ်တက်ကြပါတယ်။

ဒါကြောင့် အရောင်တွေက လူတွေရဲ့ နေ့စဉ်ဘဝမှာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုကို ယူထားတယ်ဆိုတဲ့ အချက်ကိုလည်း မေ့ထားလို့ မရပါဘူး။
ဒီနေ့မှာတော့ ဘယ် Zodiac sign တွေက ဘယ်လို အရောင်လေးတွေ ပို ဝတ်သင့်လဲဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ တစ်ဆင့် ပြောပြပေးထားပါတယ်။

Photo by Surface / Unsplash

ဒီလို ကိုယ်ပိုင် အရောင်လေးတွေကို ဝတ်ခြင်းအားဖြင့် ကိုယ့်ရဲ့ စိတ်ကို ကြည်လင်စေနိုင်တဲ့ အပြင် နေ့စဉ်ဘဝက ကိစ္စတွေ အပေါ်မှာလည်း ယုံကြည်မှု ရှိရှိနဲ့ လုပ်ဆောင်နိုင်ဖို့ကိုလည်း ထောက်ပံ့ပေးနိုင်ကြောင်း ယူဆချက်တွေ ရှိပါတယ်။

ကိုယ့်ရဲ့ Zodiac Sign ကို မသိသေးဘူးဆိုရင်လည်း အောက်က sign လေးတွေရဲ့ ဘေးမှာ ရေးပေးထားမို့လို့  ဆက်လက်ဖတ်ပေးကြဖို့ ပြောချင်ပါတယ်။

Aries (21 March – 19 April) - အနီရောင်

Taurus (20 April – 20 May) — အစိမ်းရောင်

Gemini (21 May – 20 June) — အဝါရောင်

Cancer (21 June – 22 July) — အဖြူရောင်/ငွေရောင်

Leo (23 July – 22 August) — ရွှေရောင်

Photo by Kier... in Sight / Unsplash

Virgo (23 August – 22 September) — အညိုရောင်

Libra (23 September – 22 October) — ပန်းနုရောင်/ အပြာနုရောင်

Scorpio (23 October– 21 November) —အနက်ရောင်

Sagittarius (22 November– 21 December) — ခရမ်းရောင်

Capricorn (22 December – 19 January) — မီးခိုးရောင်

Photo by Per-Erik Holfve / Unsplash

Aquarius (20 January – 18 February) — အပြာရောင်

Pisces (19 February– 20 March) — အစိမ်းနုရောင်

#zodiacsigns #powercolors #akhayarlifestyle