အကြောမတတ်အောင်ကာကွယ်နိုင်ဖို့ လေ့ကျင့်သင့်တဲ့လေ့ကျင်းခန်း

ရုံးမှာတစ်နေကုန် အာရုံစူးစိုက်မှုတွေလုပ်နေရင်းနဲ့ အညောင်းမိတာမျိုး၊ ဇက်ကြောတက်တာမျိုး တွေကခဏတဖြုတ်ဆိုအရမ်းတော့မသိပေမယ့် ၊ အချိန်တွေကြာလာရင်တော့ ကြီးပေါင်းရောဂါဖြစ်နိုင်ပါတယ်။အဲ့လိုမျိုးဆိုရင် မဖြစ်ခင်ကြိုပြီးကာကွယ်သင့်ပါတယ်။ကာကွယ်တဲ့နေရာမှာ ဆေးတွေသောက်တာထက် လေ့ကျင့်ခန်းတွေပိုလုပ်သင့်ပါတယ်။ဘယ်လို လေ့ကျင့်ခန်းမျိုးလုပ်သင့်လဲဆိုတာကိုပြောပြပေးချင်ပါတယ်။
လည်ပင်းကြွက်သား
လည်ပင်းအနောက်ဘက်ကကြွက်သားတွေကလက်နှစ်ဖက်ကိုအနောက်ကိုပို့ပြီးတော့ ထိုင်ခုံမှာထိုင်ရင်းနဲ့လည်း လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။အဲ့လိုမျိုးလုပ်ခြင်းက ဦးနှောက်ရဲသွေးကြောလေးတွေက ပွင့်စေတဲ့အပြင် တစ်နေကုန်အညောင်းမိနေတာကိုလည်း သက်သာစေပါတယ်။


ပခုံးအကြောလျော့ခြင်း

ပခုံးအလျော့ခြင်းက လွယ်ကူပြီးတော့ တစ်နေ့ကိုအကြိမ် ၂၀လောက်လုပ်ပေးရင်တောင်ကိုယ့်ရဲ့အကြောတွေကိုလည်းလျော့ကျစေပါတယ်။ ပခုံးအကြောတွေကလျော့သင့်တဲ့အကြောတွေအထဲမှာပါပါတယ်။


ကိုယ်နေဟန်ထားမှန်အောင်လေ့ကျင့်ခြင်း
ကြမ်းပြင်မှာပဲဖြစ်ဖြစ်၊ ထိုင်နေတဲ့ထိုင်ခုံမှာပဲဖြစ်ဖြစ် လက်နှစ်ချောင်းကိုမေးစေ့မှာကပ်ပြီးတော့ ဦးခေါင်းပေါ်မှာလက်ဝါးနှစ်ဖက်ကိုကပ်ထားလိုက်ပါ။ဦးခေါင်းကိုဘယ်ဘက်ညာဘက် လှည့်ပေးရပါတယ်။အဲ့တာကို ၁၀ကြိမ်လောက်လုပ်ပေးသင့်ပါတယ်။

Photo Credit - Pinterest

Kelly - Akhayar Lifestyle