Team IO နဲ့အတူ Dota 2 လောကထဲ ပြန်လည် ဝင်ရောက်လာခဲ့တဲ့ Mushi နဲ့ Ohaiyo

2019-2020 DPC ရာသီရဲ့ တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲတွေ စတင်တော့မှာ ဖြစ်တာနဲ့အညီ အသင်းလက်မဲ့ ဖြစ်နေတဲ့ ကစားသမားတွေ စုစည်းပြီး တည်ထောင်ထားတဲ့ အသင်းသစ်တွေ ပေါ်ပေါက်လာခဲ့သလို Dota 2 အသင်းကြီးတွေ အနေနဲ့လည်း အသင်းနဲ့ ကိုက်ညီခြင်း မရှိတဲ့ ကစားသမားတွေကို အသင်းကနေ ထုတ်ပယ်ပြီး ကစားသမားသစ် ခေါ်ယူမှုတွေ ပြုလုပ်လို့ လာခဲ့ပါတယ်။

Mushi

ယခုအခါမှာတော့ Dota 2 လောကရဲ့ Legends နှစ်ဦးဖြစ်တဲ့ Mushi နဲ့ Ohaiyo အနေနဲ့ Team IO မှာ ဝင်ရောက် ကစားသွားမှာဖြစ်ကြောင်း သတင်းထွေ ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ Team IO မှာ Mushi, Ohaiyo တို့အပြင် Mineski Dota 2 အသင်းနဲ့အတူ အောင်မြင်မှု အချို့ကို ရယူနိုင်ခဲ့တဲ့ ဖိလစ်ပိုင် နိုင်ငံသား နာမည်ကျော် ကစားသမား Ryan Jay “Raging Potato” Qui လည်း ပါဝင်လို့ လာခဲ့ပါတယ်။

Ohaiyo

Mushi, Ohayio, Raging Potato တို့ အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ကျင်းပသွားခဲ့တဲ့ Yabo Supreme Cup, DreamLeague Season 13 SEA Qualifier တို့မှာ Brothers United Dota 2 အသင်း အဖြစ် ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ကစားသမားသစ် နှစ်ဦးကို ထပ်မံ ခေါ်ယူကာ Team IO အဖြစ် မကြာခင် ကျင်းပသွားမယ့် တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲမှာ ယှဥ်ပြိုင်သွားတဲ့ ကြံစည်ခဲ့ပုံပါပဲ။

Raging Potato

Mushi, Ohaiyo, Raging Potato တို့နဲ့အတူ Team IO မှာ ဝင်ရောက် ကစားသွားမယ့် ကစားသမားတွေကတော့ မကြာသေးခင် အချိန်က ဖျက်သိမ်းသွားခဲ့တဲ့ Alpha x Hashtag Dota 2 အသင်းရဲ့ ကစားသမားလည်းဖြစ်၊ SEA Dota 2 လောကရဲ့ နာမည်ကျော် ကစားသမား တစ်ဦးလည်းဖြစ်တဲ့ Kalvin Kang “Meracle” Jian Wen နဲ့ ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် Dota 2 အသင်း အများစုမှာ ကျင်လည်ခဲ့ဖူးတဲ့ Benhur “Nanyeon” Lawis တို့ပဲ ဖြစ်ပါတယ်။

Meracle

မကြာခင် ကျင်းပသွားမယ့် တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲမှာ SEA ဒေသ အခြေစိုက် နာမည်ကျော် အသင်းပေါင်း များစွာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်သလို Dota 2 လောကအတွင်း ပြန်လည် ဝင်ရောက်လာတဲ့ Cloud 9 Dota 2 အသင်း အနေနဲ့လည်း တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲကို SEA ဒေသကနေ တစ်ဆင့် ယှဥ်ပြိုင်သွားမှာဖြစ်ကြောင်း ကြေငြာထားတာကြောင့် Mushi တို့ တစ်သိုက် အသင်းကြီးတွေကို ဖြတ်ကျော်ပြီး Major ဒါမှမဟုတ် Minor ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Benhur (Nanyeon)

REF: VpEsports