Mytel မှ ရန်ကင်းကလေးဆေးရုံရှိ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ်များကို လှူဒါန်း
မြန်မာနိုင်ငံရဲ့ ခေတ်မီဆန်းသစ်ဆုံး နဲ့ ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းနေပြီး လူထုအကျိုးပြုလုပ်ငန်းတွေမှာလည်း တတ်အားသရွေ့ ပါဝင်ကူညီလျက်ရှိရာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ၂၀၂၀ ခုနှစ်မှာ ရန်ကင်းကလေးဆေးရုံရှိ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ် (၁၂) ဦးအတွက် အလွန်မွန်မြတ်လှသော လှူဒါန်းမှုတစ်ခုဖြစ်တဲ့ Empower My Children ပွဲကြီးကို ကျင်းပခဲ့ပါတယ်။
အဆိုပါ လှူဒါန်းမှု အခမ်းအနားကို ဝါရင့်ဆရာဝန်ကြီးတွေဖြစ်တဲ့ အကြီးတန်းဆေးဘက်ဆိုင်ရာကြီးကြပ်ရေးမှူး- ဒေါက်တာ မြင့်မြင့်ခိုင်(နှလုံးရောဂါအထူးကု)၊ ပါမောက္ခဒေါက်တာ ဦးခင်မောင်ဦး(နှလုံးခွဲစိတ်ဆရာဝန်) နှင့် ပါမောက္ခနှင့်ဆေးရုံမှူး ဒေါက်တာဦးအောင်သူ ၊ Mytel ၏ ဘဏ္ဍာရေးဆိုင်ရာအရာရှိချုပ် ဦးသိန်းအောင် နဲ့အတူMytelသတင်းအချက်အလက်အရာရှိချုပ် ဦးဇော်လင်း တို့က ဦးဆောင်ပြီး ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ ကလေးငယ်တွေအတွက် ငွေကြေးထောက်ပံ့မှုနဲ့ လိုအပ်တဲ့ကူညီမှုများကို ထောက်ပံ့ပေးခဲ့ပါတယ်။
အခမ်းအနားကို မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြတဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီပိုင်ဖြိုးသု၊ တေးသံရှင် ပိုပို နဲ့ မော်ဒယ်နှင့်သရုပ်ဆောင် ငြိမ်းသော်တို့လည်းMytel က အခြားတာဝန်ရှိသူများနဲ့အတူ တက်ရောက်ခဲ့ပြီး ဝေဒနာရှင် ကလေးငယ်များကို လှူဒါန်းခဲ့တဲ့အပြင် ခွဲစိတ်မှုပြုလုပ်နေတုန်းနဲ့ ခွဲစိတ်မှုအပြီးမှာ ကြံ့ကြံ့ခံနိုင်အောင် အားပေးစကားတွေနဲ့ နှစ်သိမ့်စကားတွေလည်းပြောကြားခဲ့ပါတယ်။
"Empower My Children" လှူဒါန်းမှုအခမ်းအနားဟာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ကလေးငယ်တွေရဲ့ အသက်များကို ကယ်တင်မယ့် Mytel ရဲ့ ရှည်စီမံကိန်းကြီးအတွက် ပထမဦးဆုံးခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။ ထို စီမံကိန်းကြီးရဲ့ လှူဒါန်းကူညီမှုတိုင်းအတွက် ၁၀၀ ရာခိုင်နှုန်းအပြည့် ငွေကြေးထောက်ပံ့မှုတွေပြုလုပ်သွားမှာဖြစ်ပြီး တစ်လမှာ ကန်ဒေါ်လာ ၅၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ အသုံးပြုသွားမှာဖြစ်ပါတယ်။
Mytel ဟာဆိုရင်ဖြင့် ယခင်က လူထုအကျိုးပြုလုပ်ငန်းတွေထဲက ပညာရေးကဏ္ဍကို အထောက်အပံ့ပေးနိုင်ဖို့ မြန်မာနိုင်ငံရှိကျောင်းပေါင်း၂၅၈ ကျောင်းမှာ အင်တာနက် အခမဲ့တပ်ဆင်ပေးပြီး ICT ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို စတင်ခဲ့ပါတယ်။Mytel အနေနဲ့ အစိုးရ ဌာနဆိုင်ရာများ နဲ့ အခြားသောအဖွဲ့အစည်း ၁၆၉ ခု ၊ ဘာသာရေးဆိုင်ရာနေရာပေါင်း ၁၂ ခု နဲ့ ဆေးရုံ ၁ ရုံ တွေမှာလဲ အခမဲ့အင်တာနက်ဝန်ဆောင်မှုတွေကို တပ်ဆင်ပေးခဲ့ပါတယ်။ ဒါ့အပြင် အစိုးရဌာနရုံး ၆ ရုံး မှာလဲ Video Conferencing စနစ်ကို ထောက်ပံ့ပေးခဲ့ပြီး စုစုပေါင်း ၄၄၆ နေရာမှာ အခမဲ့လှူဒါန်းပြီးဖြစ်ပါတယ်။ Mytel က ဆက်လက်ပြီး အခမဲ့ဝန်ဆောင်မှုတွေကို အခြားဘာသာရေးဆိုင်ရာ ကဏ္ဍတွေဖြစ်တဲ့ ဘုရား၊ ဗုဒ္ဓဘာသာ တက္ကသိုလ်များနဲ့ ဘုန်းကြီးကျောင်းတွေ၊ ကျန်းမာရေးဆိုင်ရာ ကဏ္ဍတွေဖြစ်တဲ့ ပုဂ္ဂလိဂနဲ့ အထွေထွေဆေးရုံတွေနဲ့ အစိုးရဆိုင်ရာကဏ္ဍတွေမှာVideo Conferencing စနစ်နဲ့ အင်တာနက်ဝန်ဆောင်မှု များကိုလုပ်ဆောင်ပေသွားမှာပဲ ဖြစ်ပါတယ်။ Mytel အနေနဲ့ လူထုအကျိုးပြုကဏ္ဍတွေမှာသာမက မြန်မာနိုင်ငံကို ဒစ်ဂျစ်တယ်နိုင်ငံအဖြစ် ဖော်ဆောင်ပြောင်းလဲသွားနိုင်ဖို့ ဝန်ဆောင်မှုပိုင်းနဲ့ နည်းပညာပိုင်းတွေမှာလည်း အဆင့်မြှင့်တင်ကာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။လှူဒါန်းမှုအခမ်းအနားမှာ အလှူလက်ခံရရှိခဲ့တဲ့ မိသားစုတွေရဲ့ ကြည်နူးစရာကောင်းတဲ့ စကားသံလေးတွေကို အောက်က ဗီဒီယိုလေးမှာ ခံစားကြည့်ရှုနိုင်ပါတယ်။