လက်စွမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ်ကစားသမား တစ်ဦးကို ခေါ်ယူနိုင်တော့မှာဖြစ်တဲ့ Na’Vi CSGO

Natus Vincere CSGO အသင်း အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက အသင်းရဲ့ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်သူ Guardian ကို အသင်းကနေ ထုတ်ပယ်သွားဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို ယခုအခါမှာလည်း Guardian နေရာမှာ အစားထိုးဖို့ အတွက် ရုရှားနိုင်ငံသား အသက် ၂၀ အရွယ် လူငယ်ကစားသမား တစ်ဦးဖြစ်တဲ့ Ilya “Perfecto” Zalutskiy ကို ခေါ်ယူနိုင်တော့မှာ ဖြစ်တယ်လို့ သတင်းတွေ ထပ်မံ ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

Guardian

Natus Vincere CSGO အသင်း အနေနဲ့ Guardian နေရာမှာ အစားထိုးဖို့ အတွက် forZe CSGO အသင်းနဲ့အတူ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တဲ့ FL1T ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပေမယ့်လည်း FL1T ဘက်ကရော၊ forZe CSGO အသင်းဘက်ကပါ Na’Vi CSGO အသင်းရဲ့ ကမ်းလှမ်းခဲ့တာကြောင့် အခုလို Syan Gaming ရဲ့ လူငယ်ကစားသမားဖြစ်သူ Perfecto ကို ချဥ်းကပ်ခဲ့တာ ဖြစ်ပါတယ်။

Perfecto အနေနဲ့ ပရိုဖက်ရှင်နယ် CSGO လောကကို ၂၀၁၈ ခုနှစ်၊ ၁၀ လပိုင်းကမှ ဝင်ရောက်ခဲ့တာ ဖြစ်ပေမယ့် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် Na’Vi CSGO အသင်းရဲ့ ချဥ်းကပ်မှုကို ခံယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ Na’Vi CSGO အသင်း အနေနဲ့ Perfecto ကို ခေါ်ယူနိုင်ဖို့ အတွက် Syan Gaming ကို ပြောင်းရွေ့ကြေး ဒေါ်လာ ၂ သိန်းခန့် ပေးချေသွားရဖွယ် ရှိတယ်လို့ သိရပါတယ်။

Perfecto

Na’Vi CSGO အသင်း အနေနဲ့ Perfecto ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ AWP ကစားသမားအဖြစ် Aleksandr “s1mple” Kostyliev အနေနဲ့ ပြန်လည် တာဝန်ယူသွားဖွယ်ရှိပြီး Perfecto ကတော့ Rifler အဖြစ် ဝင်ရောက် ကစားသွားဖွယ် ရှိပါတယ်။ လက်ရှိအချိန်မှာ Na’Vi CSGO အသင်း အနေနဲ့ အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့တာ အချိန်အတော် ကြာမြင့်ခဲ့ပြီ ဖြစ်တာကြောင့် Perfecto ကို ခေါ်ယူလိုက်နိုင်ပြီး အောင်မြင်မှုတွေကို ပြန်လည် သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

s1mple

Natus Vincere CSGO အသင်းရဲ့ ဖြစ်နိုင်ဖွယ် ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Egor “flamie” Vasilyev
  • Aleksandr “s1mple” Kostyliev
  • Denis “electronic” Sharipov
  • Kirill “Boombl4” Mikhailov
  • Ilya “Perfecto” Zalutskiy
  • Andrey “B1ad3” Gorodenskiy (Coach)

REF: VpEsports