ကပ္ပတိန်ရာထူး အတွက် ကစားသမား အပြောင်းအလဲ ပြုလုပ်ခဲ့တဲ့ Dota2 အသင်း Na’Vi

CIS အခြေစိုက် Dota2 အသင်း Na’Vi အနေနဲ့ အသင်းကို ပွဲချိန်အတွင်းမှာ ဦးစီးဦးဆောင် ပြုလုပ်နိုင်တဲ့ ကစားသမား တစ်ဦးကို ရှာဖွေနေခဲ့တာ အချိန် တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အသင်းရဲ့ Pos4 ကစားသမားဖြစ်သူ Zayac တစ်ယောက် VP ကို ထွက်ခွာသွားခဲ့ကတည်းက ပွဲချိန်အတွင်း ဦးဆောင်နိုင်တဲ့၊ အသင်းသား အားလုံးကို ထိန်းကျောင်းနိုင်တဲ့ ကစားသမားကို Na’Vi ဘက်က ရှာဖွေခဲ့ပေမယ့် လက်ရှိအချိန်ထိ တွေ့ရှိခြင်း မရှိသေးပါဘူး။

Zayac

Zayac ထွက်ခွာသွားစဉ် အချိန်က Pos4 ကစားသမား တစ်ဦးဖြစ်သူ Semion “CemaTheSlayer” Krivulya ကို ခေါ်ယူခဲ့ပေမယ့် Slayer အနေနဲ့ Na’Vi Dota2 အသင်းသားတွေ အပေါ် ထိရောက်စွာ ဦးဆောင်နိုင်ခဲ့ခြင်း မရှိသလို၊ ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုတွေနဲ့ ဝေးကွာနေစဲပဲ ဖြစ်ပါတယ်။

CemaTheSlayer

ဒါကြောင့်လည်း Na’Vi Dota2 အသင်း အနေနဲ့ ကပ္ပတိန်အဖြစ် ၃ လကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကစားသမားဖြစ်သူ Slayer ကို အသင်းကနေ ထုတ်ပယ်ပြီး အခြားသော ကစားသမားသစ် တစ်ဦးကို ထပ်မံ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

“Na’Vi Dota2 အသင်းရဲ့ ပရိသတ်တွေ၊ တာဝန်ရှိသူတွေ အနေနဲ့ အမြဲတမ်း အကောင်းဆုံးတွေကိုသာ ရရှိဖို့ မျှော်လင့်ထားကြပါတယ်။ ဒါကြောင့် အသင်းသား အားလုံးနဲ့ တိုင်ပင်ပြီး အခုလို ကစားသမား အပြောင်းအလဲ တစ်ခုကို ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ TI 10 ပြိုင်ပွဲ ကျင်းပမယ့် နေ့ရက်ကို ရွေ့ဆိုင်းသွားပြီ ဖြစ်တာကြောင့် လက်ရှိ အချိန်ကာလကို အခွင့်အရေး တစ်ခု အဖြစ် အသုံးချပြီး ကစားသမား အသစ်တွေ၊ ကစားဟန် အသစ်တွေကို စမ်းသပ် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

CemaTheSlayer အနေနဲ့လည်း Na’Vi Dota2 အသင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလမှာ ဝင်ရောက် ကူညီပေးခဲ့ပြီး LA Major မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။”

CemaTheSlayer

Na’Vi Dota2 အသင်းမှာ ကပ္ပတိန်၊ Pos 4 ကစားသမား အဖြစ် ဝင်ရောက် တာဝန်ယူသွားမယ့် ကစားသမားကတော့ TI 9 CIS လက်ရည်စစ်ပွဲ တစ်လျှောက် Vega Squadron Dota2 အသင်းနဲ့ အတူ လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ Support (Pos 4) ကစားသမား Vitaliy “So Bad” Oshmankevich ပဲ ဖြစ်ပါတယ်။

Na’Vi Dota2 အသင်း အနေနဲ့ So Bad ကို အမြဲတမ်း ကစားသမား အဖြစ် ခန့်အပ်ခဲ့တာ မဟုတ်ပဲ အစမ်းခန့် အဖြစ်သာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ So Bad အနေနဲ့ Na’Vi Dota2 အသင်းနဲ့အတူ မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် ESL One Birmingham 2020 CIS and Europe အွန်လိုင်းပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး တကယ်လို့ အဆိုပါ ပြိုင်ပွဲမှာသာ ရလဒ်ကောင်းတွေ ပေါ်ထွက်အောင် စွမ်းဆောင် ပေးနိုင်ခဲ့မယ် ဆိုရင်တော့ အမြဲတမ်း ကစားသမား အဖြစ် ခန့်အပ်ခြင်းကို ခံယူသွားရဖွယ် ရှိပါတယ်။

Magical

Na’Vi Dota2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့‌ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Crystallize – Pos 1
  • Magical – Pos 2
  • 9pasha – Pos 3
  • So Bad – Pos 4
  • Illias – Pos 5
  • Mag – Coach

REF: VpEsports