OG CSGO အသင်းနဲ့ ပတ်သတ်ပြီး Ceb ဖြစ်စေချင်တဲ့ အချက်နှစ်ချက်ကို ပြောကြားသွားခဲ့တဲ့ NBK

OG Dota 2 အသင်းနဲ့ အတူ The International 2018, The International 2019 စတဲ့ Dota 2 လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲကြီး နှစ်ခုမှာ ၂ နှစ်ဆက်တိုက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Ceb ကတော့ Dota 2 ကစားသမား ဘဝကနေ အနားယူပြီး OG Esports အဖွဲ့အစည်းရဲ့ အုပ်ချုပ်ရေး အပိုင်းကို ပြောင်းလဲ တာဝန်ယူသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ လပိုင်းခန့်က တရားဝင် ကြေငြာသွားခဲ့ပါတယ်။

Ceb

အုပ်ချုပ်ရေး အပိုင်းကို ပြောင်းလဲ တာဝန်ယူပြီး သိပ်မကြာခင် အချိန်အတွင်းမှာ Ceb ကို OG CSGO ကစားသမားတွေနဲ့ မကြာခဏ ဆိုသလို အတူတကွ မြင်တွေ့ခဲ့ရပြီး  ၂၀၂၀ ခုနှစ် ၁ လပိုင်း ၃၁ ရက်နေ့ကနေ ၂ လပိုင်း ၁၆ ရက်နေ့အထိ ကျင်းပသွားခဲ့တဲ့ BLAST Premier: Spring 2020 Regular Season ပြိုင်ပွဲမှာလည်း Ceb တစ်ယောက် OG CSGO အသင်းသားတွေနဲ့ အတူတကွ ရှိနေခဲ့ပါတယ်။

အဆိုပါ ပြိုင်ပွဲမှာ OG CSGO အသင်း အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့သလို Spring 2020: Finals ပြိုင်ပွဲမှာ တိုက်ရိုက် ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခုလို စွမ်းဆောင်ရည်ကောင်းတွေနဲ့ ပြသနိုင်ခဲ့တာနဲ့ ပတ်သတ်ပြီး Ceb ရဲ့ အရေးပါမှုတွေကို OG CSGO အသင်းသားတွေ အနေနဲ့ ချီးမွန်းပြောဆိုခဲ့သလို OG CSGO အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ NBK ကတော့ OG CSGO အသင်းနဲ့ ပတ်သတ်ပြီး Ceb ဖြစ်စေချင်တဲ့ အချက်နှစ်ချက်ကို အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

NBK

“Ceb က OG CSGO အသင်းကို အမြဲတမ်းလိုလို အကောင်းဆုံး ပုံစံနဲ့ ရှိနေပေးဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ နောက်ပြီးတော့ Ceb အနေနဲ့ OG Dota 2 အသင်းရော၊ CSGO အသင်းပါ ကမ္ဘာအကောင်းဆုံး အသင်းတွေ အဖြစ် ရပ်တည်သွားနိုင်ဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ Ceb က ပေါင်းရသင်းရတာ အရမ်းကို လွယ်ကူတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ ဖြစ်ပါတယ်။

သူနဲ့ စကားပြောရတာ အင်မတန်ကို ကျေနပ်ဖို့ ကောင်းတာကြောင့်လည်း ကစားသမားတွေ အားလုံး အနေနဲ့ သူ့ပြောစကားတွေကို လေးလေးစားစားနဲ့ လိုက်နာခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ Ceb က အင်မတန်ကို ဗဟုသုတတွေ ကြွယ်ဝတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ အသင်းတစ်သင်း အောင်မြင်ဖို့ အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ နားလည်ထားပါတယ်။”

OG CSGO

OG CSGO အသင်း အနေနဲ့ စတင် ဖွဲ့စဥ်းခဲ့စဥ် အချိန်က ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် Ceb တစ်ယောက် OG CSGO အသင်းသားတွေနဲ့ အတူ ရှိနေပြီး‌ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် နောင်ကျင်းပသွားမယ့် ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို သိမ်းပိုက်ပြီး ကမ္ဘာ့အကောင်းဆုံး CSGO အသင်းအဖြစ် ရပ်တည်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming