Frotnite မှာ ကိုယ်ပိုင် ကာရိုက်တာ Skin ဖြင့် ဂုဏ်ပြုခြင်း ခံခဲ့ရတဲ့ Ninja

Ninja ဆိုတာကတော့ Streaming လောကရဲ့ နာမည်ကျော်ကြား လူကြိုက်အများဆုံး Streamer တစ်ဦးပဲ ဖြစ်ပါတယ်။ Ninja အနေနဲ့ ပရိုဖက်ရှင်နယ် Streamer ဘဝကို ၂၀၁၁ ခုနှစ်မှာ စတင် ခံယူခဲ့တာဖြစ်ပြီး Streamer ဘဝ စတင်ချိန်မှာ Halo 3, PUBG, H1Z1 စတဲ့ ဗွီဒီယိုဂိမ်းတွေကို Stream လုပ်ခဲ့ပေမယ့် Fortnite စတင် ထွက်ရှိစဉ် အချိန်က စတင်ပြီး Ninja တစ်ယောက် သူ့ရဲ့ Stream ချိန်အများစုကို Fortnite ကစားရင်းနဲ့သာ ကုန်ဆုံးစေခဲ့ပါတယ်။

အခုလို Fortnite စတင် ထွက်ရှိစဥ် အချိန်က စတင်ပြီး လက်ရှိအချိန်အထိ Fortnite တစ်ခုတည်းကိုသာ တစ်စိုက်မတ်မတ် Streaming ပြုလုပ်ခဲ့တာကြောင့် Ninja တစ်‌ယောက် Fortnite ဗွီဒီယိုဂိမ်းကို ထုတ်လုပ်ခဲ့သူ Epic Games ရဲ့ ဂုဏ်ပြုခြင်းကို ခံယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ အချက်အလက်များအရ Ninja ရဲ့ ပြင်ပပုံစံအတိုင်း ပြုလုပ်ထားတဲ့ Fortniteကာရိုက်တာ Skin၊ Ninja’s Edge, Ninja Outfit, Back BLinch, Ninja Style Emote, Dual Katana Pickaxe တို့ ပါဝင်တဲ့ Ninja Custom Set ကို ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်ပြီး အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ ဝန်းကျင်ဖြင့် ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Fortnite မှာ Ninja Custom Set ပါဝင်လာခြင်းနဲ့ ပတ်သတ်ပြီး ပရိုဖက်ရှင်နယ် Streamer ဖြစ်သူ Ninja ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော် Fortnite ကို စတင် ကစားစဉ် အချိန်ကတည်းက ကိုယ်ပိုင် Skin လေးနဲ့ ကစားခွင့် ရရှိဖို့ အတွက် အိပ်မက်မက်ခဲ့မိပါတယ်။ ယခုအခါမှာတော့ ကျွန်တော့် အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း တကယ်ကို ဂုဏ်ယူမိပါတယ်။”

Epic Games အနေနဲ့ ယခင်အချိန်တွေတုန်းကလည်း နာမည်ကျော် Musician တွေဖြစ်တဲ့ Marshmello, Major Lazer တို့ကို In-Game Skin တွေ အဖြစ် ထုတ်ပေးခဲ့တာကြောင့် Fortnite အတွက် များစွာသော အထောက်အပံ့တွေ ပေးစွမ်းခဲ့တဲ့ Ninja အတွက် ကိုယ်ပိုင် Skin ထုတ်ပေးခဲ့တာ ထူးဆန်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

ဒါ့အပြင် သိပ်မကြာခင် အချိန်အတွင်းမှာ သြစတြေးလျ နိုင်ငံသား နာမည်ကျော် Content Creator တစ်ဦးဖြစ်သူ Kathleen “Loserfruit” Belsten နဲ့ စပိန်နိုင်ငံသား Streamer တစ်ဦးဖြစ်သူ David “TheGrefg” Martinez တို့အတွက်လည်း In-Game Skin တွေ ထုတ်လုပ်ပေးသွားမှာဖြစ်ကြောင်း Epic Games က ကြေငြာသွားခဲ့တာကြောင့် ၂၀၂၀ ခုနှစ်အတွင်းမှာ နာမည်ကျော်တွေရဲ့ ရုပ်ပုံလွှာ အများစုကို Fortnite ဗွီဒီယိုဂိမ်း အတွင်းမှာ မြင်တွေ့သွားရဖွယ် ရှိပါတယ်။

REF: OneEsports