ကစားသမား အပြောင်းအလဲတွေ ပြုလုပ်နိုင်လွန်းတဲ့ Dota 2 အသင်း NIP

NIP Dota 2 အသင်း အနေနဲ့ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Minor ပြိုင်ပွဲဖြစ်တဲ့ Dota Summit 11 မှာ အဆင့် 5th – 6th နဲ့သာ ကျေနပ်ခဲ့ရတာကြောင့် အသင်းရဲ့ Carry ကစားသမား Skiter ကို အသင်းကနေ ထုတ်ပယ်ပြီး Pub Star တစ်ဦးဖြစ်တဲ့ Tanner ကို အစားထိုး ခေါ်ယူခဲ့ပါတယ်။

Daxak

Tanner ကို အစားထိုး ခေါ်ယူခဲ့ပေမယ့်လည်း 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Minor ပြိုင်ပွဲ Bukovel Minor မှာ အဆင့် 7th – 8th နဲ့သာ ထပ်မံ ကျေနပ်ခဲ့ရတာကြောင့် Skitter နေရာမှာ အစားထိုး ဝင်‌ရောက် ကစားခဲ့တဲ့ Gunnar ကို အသင်းကနေ ထပ်မံ ထုတ်ပယ်ခဲ့သလို Pos 4 ကစားသမားဖြစ်တဲ့ Biver ကိုလည်း အသင်းကနေ ထပ်မံ ထုတ်ပယ်ခဲ့ပါတယ်။

Lelis

ယခုအခါမှာတော့ လစ်လပ်သွားတဲ့ NIP Dota 2 အသင်းရဲ့ ကစားသမား ၂ နေရာအတွက် အစားထိုး ခေါ်ယူသွားမယ့် ကစားသမားတွေကို တရားဝင် ထုတ်ပြန် ကြေငြာ ပေးလိုက်ပြီ ဖြစ်ပါတယ်။ လစ်လပ်သွားတဲ့ NIP Dota 2 အသင်းရဲ့ Carry ကစားသမား နေရာမှာ အစားထိုး ဝင်ရောက် ကစားသွားမှာကတော့ CIS ဒေသရဲ့ နာမည်ကျော် Carry ကစားသမားလည်းဖြစ်၊ 2018-2019 DPC ရာသီမှာ Gambit Dota 2 အသင်းနဲ့အတူ အောင်မြင်မှုတွေ စွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်တဲ့ Daxak ပဲ ဖြစ်ပါတယ်။

Universe

ဒါ့အပြင် NIP Dota 2 အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ PPD အနေနဲ့ အသင်းရဲ့ Offlane ကစားသမားဖြစ်သူ Universe ကို လစ်လပ်သွားတဲ့ Biver ရဲ့ နေရာဖြစ်တဲ့ Pos 4 နေရာမှာ ပြောင်းရွေ့ ကစားစေခဲ့ပြီး Offlane Position အတွက်ကိုတော့ South America ဒေသရဲ့ နာမည်ကျော် Dota 2 အသင်း အများစုမှာ ကျင်လည်ခဲ့ဖူးတဲ့ Lelis ကို ခေါ်ယူခဲ့ပါတယ်။

PPD

အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ NIP Dota 2 အသင်းရဲ့ ကစားသမား စာရင်းဟာ စာရွက်ပေါ်မှာ ချပြထားတဲ့ အတိုင်း ကြည့်လိုက်မယ် ဆိုရင်တော့ တောင့်တင်းသလို အနေအထားမှာ ရှိနေတာကြောင့် မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲနဲ့ WePlay! Tug of War: Mad Moon မှာ ‌အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

NIP Dota 2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Nikita “Daxak” Kuzmin
  • Jason “Tanner” Conor Weedon
  • Rodrigo “Lelis” Santos
  • Saahil “Universe” Arora
  • Peter “PPD” Dager

REF: VpEsports