(၈၇) ပွဲဆက် ရှုံးပွဲမရှိ ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေကို ခေါ်ယူသွားဖွယ်ရှိတဲ့ Dignitas CSGO

CSGO လောကရဲ့ အစောပိုင်း ကာလတွေမှာ နာမည်ကျော် Esports အဖွဲ့အစည်း ကိုယ်စားပြု CSGO အသင်းတစ်သင်း အနေနဲ့ (၈၇) ပွဲဆက် ရှုံးပွဲမရှိ ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ကာ CSGO လောကရဲ့ နံပါတ် (၁) နေရာမှာ ကာလရှည် ရပ်တည်နိုင်ခဲ့ပါတယ်။ အဆိုပါ CSGO အသင်းကတော့ Ninjas in Pyjamas လို့ အမည်ရတဲ့ CSGO အသင်းပဲ ဖြစ်ပါတယ်။

Ninjas in Pyjamas CSGO အသင်းမှာ အဲဒီအချိန်က friberg, f0rest, GeT-RiGhT, Xizt, Fifflaren စတဲ့ ကစားသမားတွေ ဝင်ရောက် ကစားခဲ့ပြီး ၂၀၁၂ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် ၄ ပိုင်းအထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သမျှ ပြိုင်ပွဲတွေမှာ ရှုံးပွဲမရှိ ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့သလို DreamHack Winter 2012, AMD Sapphire Invitational 2012, THOR Open 2012, NorthCon 2012, the Mad Catz Invitational 2013, TECHLABS Cup 2013, Copenhage Games 2013 စတဲ့ ပြိုင်ပွဲတွေရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Friberg

ဒါပေမယ့်လည်း ၂၀၁၃ ခုနှစ်လ ဧပြီလမှာ ကျင်းပခဲ့တဲ့ StarLadder StarSeries V ပြိုင်ပွဲမှာ Virtus Pro CSGO အသင်းကို ဖိုင်နယ်အဆင့်မှာ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်းမှာတော့ NIP CSGO အသင်း အနေနဲ့ ရှုံးပွဲတွေ၊ ကျရှုံးမှုတွေနဲ့ ဆက်တိုက်ဆိုသလို ရင်ဆိုင်ခဲ့ရပြီး ကစားသမား အများစုလည်း အသင်းကနေ ထွက်ခွာသွားခဲ့ကြသလို f0rest တစ်ယောက်သာ လက်ရှိအချိန်ထိ အသင်းမှာ ဆက်လက် တည်ရှိခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ ထွက်ပေါ်လာခဲ့တဲ့ သတင်းအချက်အလက်များအရ f0rest အနေနဲ့လည်း ၇ နှစ်ခွဲကြာ ကစားခဲ့တဲ့ NIP CSGO အသင်းက‌နေ စွန့်ခွာသွားတော့မယ် ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ Dignitas Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Prindi ရဲ့ ပြောကြားချက်များအရ Dignitas အနေနဲ့ CSGO လောကထဲကို ပြန်လည် ဝင်ရောက်လာမှာဖြစ်ကြောင်း၊ ယခုအကြိမ် CSGO လောကအထဲကို ပြန်လည် ခြေချရာမှာ သာမာန် CSGO အသင်းအဖြစ် ပြန်လည် ဝင်ရောက်လာမှာ မဟုတ်တဲ့အကြောင်း၊ အကြမ်းစား CSGO အသင်းအဖြစ် ပြန်လည် ဝင်ရောက်လာမှာ ဖြစ်တဲ့အကြောင်း ကြေငြာသွားခဲ့ပါတယ်။

f0rest

Prindi ရဲ့ ထုတ်ပြန်ကြေချက်များ ထွက်ပေါ်လာပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Dignitas အနေနဲ့ အသစ် ဖွဲ့စည်းသွားမယ့် CSGO အသင်းအတွက် NIP CSGO အသင်းရဲ့ ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ Xizt, Friberg, GeT_RiGhT, f0rest တို့ကို ချဉ်းကပ်လျက်ရှိကြောင်း ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ယခုအခါမှာတော့ ကောလာဟလတွေ အတိုင်း NIP CSGO အသင်းရဲ့ (၈၇) ပွဲဆက် ရှုံးပွဲမရှိ ရလဒ်ကို စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမား လေးဦးပါဝင်တဲ့ Dignitas CSGO အသင်းကို မကြာခင် အချိန်အတွင်း မြင်တွေ့သွားရဖွယ် ရှိတယ်လို့ နာမည်ကျော် သတင်း မီဒီယာတစ်ခုဖြစ်တဲ့ DBLTAP ရဲ့ ထုတ်ပြန်ကြေငြာချက်များအရ သိရပါတယ်။

အသစ်ဖွဲ့စည်းသွားမယ့် Dignitas CSGO အသင်းမှာ Xizt, Friberg, GeT_RigHT, f0rest တို့ ပါဝင်သွားမှာ ဖြစ်ပေမယ့်လည်း NIP CSGO အသင်းရဲ့ (၈၇) ပွဲဆက်မရှိ ရှုံးပွဲမရှိ စွမ်းဆောင်ချက်မှာ ပါဝင်ခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်သူ Fifflaren ကတော့ ၂၀၁၅ ခုနှစ်မှာ ပရိုဖက်ရှင်နယ် CSGO ကစားသမား အဖြစ်ကနေ အနားယူသွားခဲ့ပြီ ဖြစ်တာကြောင့် နော်ဝေးနိုင်ငံသား Hallzerk ကို ခေါ်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Hallzerk

လက်ရှိအချိန်မှာ Dignitas ဘက်ကတော့ CSGO အသင်းသစ်နဲ့ ပတ်သတ်ပြီး တရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိသေးပေမယ့် မကြာသေးမီ အချိန်မှာ ကြေငြာသွားဖွယ် ရှိတာကြောင့် Dignitas CSGO အသင်းသား အသစ်တွေ အနေနဲ့ ယခင် အချိန်တွေတုန်းကလို ရလဒ်ကောင်းတွေကို အတူတကွ ဖော်ဆောင်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: OneEsports