နည်းပြဖြစ်သူ MithR ကို အသင်းကနေ ထုတ်ပယ်ခဲ့တဲ့ နာမည်ကျော် CSGO အသင်း North

ဒိန်းမတ်နိုင်ငံ အခြေစိုက် နာမည်ကျော် CSGO အသင်း North အနေနဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပခဲ့တဲ့ DreamHack Open Sevilla 2019 ပြိုင်ပွဲမှာ အနိုင်ရရှိပြီး နောက်ပိုင်း ဆုဖလားတွေနဲ့ ဝေးကွာနေခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဆိုးဝါးတဲ့ ရလဒ်တွေကို ဖြေရှင်းနိုင်ဖို့ အတွက် အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်သူ Jugi ကို အသင်းကနေ ထုတ်ပယ်ပြီး North CSGO အသင်းမှာ အချိန်ကာလ တစ်ခု ကြာမြင့်တဲ့ အထိ ကစားခဲ့ဖူးတဲ့ MSL ကို ပြန်လည် ခေါ်ယူခဲ့ပါတယ်။

MSL

MSL ကို ပြန်လည် ခေါ်ယူခဲ့ပေမယ့်လည်း အသင်းရဲ့ ရလဒ်တွေက တိုးတက်လာခဲ့ခြင်း မရှိတာကြောင့် အသင်းမှာ တစ်နှစ် နီးပါးခန့် နည်းပြ တာဝန် ထမ်းဆောင်ခဲ့တဲ့ MithR ကို အသင်းကနေ ထုတ်ပယ်ပြီး Fnatic CSGO အသင်းရဲ့ နည်းပြဟောင်း တစ်ဦးဖြစ်သူ Jumpy ကို ခေါ်ယူခဲ့ပါတယ်။

Jumpy အနေနဲ့ Fnatic CSGO အသင်းမှာ နည်းပြအဖြစ် သုံးနှစ်ခန့် လုပ်ကိုင်ခဲ့ပြီး Fnatic CSGO အသင်းကို အောင်မြင်မှုပေါင်း များစွာ စွတ်ခူးနိုင်စေဖို့ အတွက် ဦးဆောင် လမ်းပြနိုင်ခဲ့တာကြောင့် North CSGO အသင်း အနေနဲ့ အခုလို ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

MithR

North CSGO အသင်း အနေနဲ့ လက်ရှိ အချိန်မှာ မည်သည့် ပြိုင်ပွဲမှာမှ ဝင်ရောက် ယှဥ်ပြိုင်ခြင်း မရှိပဲ အပြင်းအထန် စခန်းသွင်း လေ့ကျင့်လျက် ရှိတာကြောင့် နည်းပြသစ်ဖြစ်သူ Jumpy ရဲ့ အတွေ့အကြုံကောင်းတွေက ယခင်အချိန်တွေတုန်းက အောင်မြင်မှု သရဖူပေါင်း များစွာ စွတ်ခူးနိုင်ခဲ့တဲ့ North CSGO အသင်းလို ပြန်လည် ဖြစ်မြောက်လာအောင် အထောက်အပံ့ ပေးသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Jumpy

North CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

  • Markus “Kjaerbye” Kjaerbye
  • Philip “Aizy” Aistrup
  • Nicklas “Gade” Gade
  • Rene “Cajub” Borg
  • Mathias “MSL” Lauridsen
  • Jimmy “Jumpy” Berndtsson (Coach)

REF: VpEsports