ပရိုကစားသမား ဘဝကနေ ခေတ္တအနားယူသွားမယ့် နာမည်ကျော် CSGO ကစားသမား Olofmeister

ပြီးခဲ့တဲ့ ရက်ပိုင်း ကမ္ဘာ့အဆင့် (၁) CSGO အသင်းရဲ့ In-Game Leader ဖြစ်သူ Gla1ve အနေနဲ့ ကျန်းမာရေး အကြောင်းပြချက်ကြောင့် အသင်းကနေ ခေတ္တ အနားယူသွားခဲ့ပါတယ်။ ယခုအခါမှာတော့ ကစားသမားကောင်း များစွာနဲ့ ဖွဲ့စည်းထားတဲ့ နာမည်ကျော် CSGO အသင်း Faze အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်သူ Olof “olofmeister” Kajbjer အနေနဲ့ အသင်းကနေ အနားယူသွားမှာဖြစ်ကြောင်း ကြေညာသွားခဲ့ပြန်ပြီ ဖြစ်ပါတယ်။

olofmeister

အသက် (၂၈) နှစ် အရွယ်ရှိ၊ ဆွီဒင်နိုင်ငံသား Olomeister အနေနဲ့ ပရိုကစားသမား ဘဝကနေ ခေတ္တ အနားယူသွားမှာ ဖြစ်ကြောင်းကို အခုလိုပဲ ကြေညာသွားခဲ့ပါတယ်။

“ကျွန်တော့်ကို အားပေးကြတဲ့ ပရိသတ်များနဲ့ Faze CSGO အသင်းရဲ့ ပရိသတ်များ အားလုံး အတွက် ကြေညာစရာ တစ်ခုရှိပါတယ်။ အဲဒါကတော့ ကျွန်တော် CSGO ကစားသမား ဘဝကနေ ခေတ္တ အနားယူဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုတာပါပဲ။

အခုလို ပြိုင်ပွဲတွေမှာ မနားတမ်း ယှဉ်ပြိုင်ခဲ့ရပြီး နောက်ပိုင်းမှာ ကျွန်တော် အတော်လေးကို ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားနေရပြီ ဖြစ်သလို ပရိုကစားသမား အဖြစ် ဆက်လက် ရပ်တည်သွားဖို့ စိတ်အားထက်သန်မှုတွေလည်း ပျောက်ဆုံးလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း CSGO အပေါ် ချစ်မြတ်နိုးမှုတွေ ကျွန်တော့် နှလုံးသား အထဲမှာ ဆက်လက် တည်ရှိနေစဲ ဖြစ်တာကြောင့် ပရို CSGO လောက အထဲကို အမြန်ဆုံး ပြန်လာနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ခေတ္တအနားယူသွားမှာဖြစ်ပြီး ရှေ့ဆက်ရမယ့် အနာဂတ်နဲ့ ပတ်သတ်ပြီး အကောင်းဆုံး နည်းလမ်းကို တွေးတော ကြံဆသွားမှာ ဖြစ်ပါတယ်။"

olofmeister

Olof အနေနဲ့ Faze CSGO အသင်းကို ၂၀၁၇ ခုနှစ်မှာ စတင် ရောက်ရှိခဲ့တာဖြစ်ပြီး အောင်မြင်မှု အချို့ကို စွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Faze CSGO အသင်းကို Olof အပါအဝင် CSGO လောကရဲ့ နာမည်ကျော် ကစားသမား အများစုနဲ့ ဖွဲ့စည်းခဲ့ပေမယ့် ထင်သလောက် အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့ခြင်းတော့ မရှိသေးပါဘူး။

လက်ရှိအချိန်မှာ Olof နေရာမှာ အစားထိုးသွားမယ့် ကစားသမားနဲ့ ပတ်သတ်ပြီး Faze CSGO အသင်းဘက်က တရားဝင် ကြေညာခြင်း မရှိသေးပေမယ့် Vitality CSGO အသင်းရဲ့ အရံကစားသမားဖြစ်သူ Alex “ALEX” McMeekin ကို ခေါ်ယူသွားဖွယ် ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်လျက် ရှိပါတယ်။

ALEX

Faze CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Havard “rain” Nygaard
  • Nikola “NiKo” Kovac
  • Marcelo “coldzera” David
  • Helvijs “broky” Saukants
  • Janko “YNK” Paunovic (Coach)

REF: VpEsports