အသက် ၂၂ ကျော်လို့ချစ်သူရွေးတော့မယ်ဆို ဘာလိုအချက်တွေနဲ့ရွေးချယ်သင့်လဲ

အသက်တွေတဖြည်းဖြည်းကြီးလာတာနဲ့မျှအတွေးအခေါ် အယူအဆတွေပြောင်းလဲလာတာများပါတယ်။ အသက်တွေကြီးလာတာရင် ဦးစားပေးရတဲ့အရာတွေများလာမယ်၊ စဉ်းစားရတာတွေလည်းများလာတော့ အချစ်ရေးမှာတော့ စိတ်ချမ်းသာချင်ကြပါတယ်။ချစ်သူထားတော့မယ်ဆိုရင်လည်း အချစ်တစ်ခုတည်းကပဲကိုးကွယ်လို့တော့မရပါဘူးနော်။ချစ်သူရွေးချယ်မယ်ဆိုရင်လည်းဘယ်လိုအချက်တွေကိုဦးစားပေးသင့်လဲဆိုတာပြောပြပေးချင်ပါတယ်။
စိတ်နေစိတ်ထား
လူတစ်ယောက်မှာအရေးကြီးဆုံးအချက်က စိတ်နေစိတ်ထားကအရေးကြီးဆုံးလို့မြင်ပါတယ်။တစ်ချို့သူတွေကတော့ အချိန်အကြာကြီးပေါင်းလာမှသိလာတာမျိုးဖြစ်တတ်ပါတယ်။ မချစ်ကြိုက်ခင်မှာ သူ့ရဲ့စိတ်ကဘယ်လိုရှိလဲ၊ သူ့အကြောင်းကိုဘယ်လောက်ထိကိုယ့်လေ့လာလို့ရမလဲ၊ဘယ်လောက်ထိယုံကြည့်လို့ရနိုင်လဲဆိုတာမျိုးလေ့လာသင့်ပါတယ်နော်။


အရည်အချင်း
အရည်အချင်း၊အကျင့်စရိုက်ဆိုတာကလူတစ်ယောက်မှာအဓိကချက်လို့ပြောလို့ရပါတယ်။ အကျင့်မကောင်းရင်လူကသုံးစားလို့မရတဲ့သူတစ်ယောက်ဖြစ်နေပါလိမ့်မယ်။ ဘယ်လောက်ပဲပိုက်ဆံရှိရှိလူတစ်ယောက်က အကျင့်မကောင်းရင်အဆင်မပြေလောက်ဘူးနော်။အဲ့တာကြောင့် လူတစ်ယောက်ကအရည်အချင်းရှိ။မရှိအကဲခတ်ဖို့လည်းလိုပါတယ်။


ကိုယ့်အပေါ်ထားတဲ့သူ့ရဲ့စိတ်ထား
ကိုယ့်ကိုချည်းကပ်ခဲ့တယ်ဆိုကတည်းက ကိုယ့်ကိုသဘောကျလို့ဆိုကတော့ မိန်းကလေးတိုင်းအကဲခတ်ကြည့်ရင်သိပါတယ်။လာလိုက်တုန်းကတော့ အရမ်းကောင်းပြပြီးမှ၊ နောက်ပိုင်းကျမှအချိုးတွေပြောင်းလဲသွားတာမျိုးတွေဖြစ်လာတတ်ပါတယ်။

Kelly - Akhayar Lifestyle

Photo Credit -Insider