ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကိုရီးယားနိုင်ငံမှာ ကျင်းပသွားမယ့် Overwatch League ပွဲစဥ်တွေကို ဖျက်သိမ်းလိုက်ပြီ

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကိုရီးယားနိုင်ငံမှာ ကျင်းပသွားမယ့် Overwatch League ပွဲစဥ်တွေကို ဖျက်သိမ်းလိုက်ပြီ

Overwatch အဖွဲ့အစည်း အနေနဲ့ မူလပထမက ကိုရီးယားနိုင်ငံမှာ ကျင်းပသွားဖို့ စီစဥ်ထားတဲ့ Overwatch League ပွဲစဥ်တွေကို ကိုရိုနာ ဗိုင်းရပ်ကြောင့် ဖျက်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

Overwatch အဖွဲ့အစည်း အနေနဲ့ တရုတ်နိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် Overwatch အသင်းတွေရဲ့ ပွဲစဥ်တွေ၊ ကိုရီးယားနိုင်ငံ အခြေစိုက် Overwatch အသင်း Seoul Dynasty ရဲ့ ပွဲစဥ်တွေကို ကိုရီးယားနိုင်ငံမှာ ကျင်းပသွားဖို့ စီစဥ်ထားခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် အနေနဲ့ တရုတ်နိုင်ငံကနေ တစ်ဆင့် ကိုရီးယားနိုင်ငံ အတွင်းကို ကူးစက် ပြန့်ပွားလာခဲ့ပြီ ဖြစ်တာကြောင့် ကိုရီးယားနိုင်ငံမှာ မတ်လ ၇ ရက် - ၈ ရက်၊ မတ်လ ၁၄ ရက် - ၁၅ ရက်၊ မတ်လ ၂၁ ရက် - ၂၂ ရက်တို့မှာ ကျင်းပသွားမယ့် Overwatch League ပွဲစဥ်တွေကို ဖျက်သိမ်းလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

Overwatch အဖွဲ့အစည်း အနေနဲ့ ကိုရီးယားနိုင်ငံမှာ ကျင်းပသွားမယ့် OWL ပွဲစဥ်တွေကို ခေတ္တရပ်နားသွားမှာ ဖြစ်ကြောင်း ကြေငြာသွားခဲ့ပေမယ့် ကိုရီးယားနိုင်ငံ နည်းတူ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားနေပြီဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ ကျင်းပသွားမယ့် ပွဲစဥ်တွေကိုလည်း ခေတ္တရပ်နားထားမလား ဒါမှမဟုတ် ပုံမှန်အတိုင်း ဆက်လက် ကျင်းပခွင့် ပေးသွားမလား ဆိုတာကိုတော့ တရားဝင် ထုတ်ပြန် ကြေငြာခြင်း မရှိသေးပါဘူး။

မကြာသေးခင် အချိန်တုန်းက ကိုရီးယားနိုင်ငံ အခြေစိုက် Overwatch အသင်း Seoul Dynasty အနေနဲ့ မတ်လ အတွင်းမှာ ကျင်းပသွားမယ့် အိမ်ကွင်းပွဲစဥ်တွေကနေ တစ်ဆင့် ရရှိတဲ့ ဝင်ငွေတွေ၊ In-Game Skin ရောင်းရငွေတွေ၊ လက်ဆောင်ပစ္စည်း ရောင်းရငွေတွေ အားလုံးကို ကိုရိုနာ ဗိုင်းရပ်စ်သင့် ပြည်သူတွေ အတွ်က လှူဒါန်းသွားမှာဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ယခုအခါမှာ ကိုရီးယား နိုင်ငံ အတွင်း ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့လာခြင်းကြောင့် အိမ်ကွင်းပွဲစဥ်တွေကို ခေတ္တ ဖျက်သိမ်းလိုက်ရတာကြောင့် လှူဒါန်းသွားမယ့် အစီအစဥ်ကို မည်သို့မည်ပုံ ပြောင်းလဲ လုပ်ဆောင်သွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: OneEsports