ပိုမိုကောင်းမွန်သောနေ့သစ်များ ယူဆောင်လာမည့် အက်တမ် (ATOM) ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

ပိုမိုကောင်းမွန်သောနေ့သစ်များ ယူဆောင်လာမည့် အက်တမ် (ATOM) ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ပိုင်ဆိုင်ထားသည့်  ATOM (Advancing Telecommunications of Myanmar) ကို ယနေ့တွင် စတင်မိတ်ဆက်ခြင်းဖြင့် မြန်မာ နိုင်ငံ၏ ဆက်သွယ်ချိတ်ဆက်ကဏ္ဍအတွက် ခေတ်ရှေ့ပြေး ခရီးလှမ်းတစ်ခုကို စတင်လျှောက်လှမ်းပြီ ဖြစ်ပါ သည်။ လူမှုအသိုင်းအဝန်းကို ဦးစားပေးပြီး ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်းလုပ်ဆောင်မည့် နည်းဗျူဟာ ဖြင့်  အက်တမ် (ATOM) သည် စျေးကွက်အတွင်းရှိ ခေတ်မီဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို လက်လှမ်းမီပြီး ယုံကြည်စိတ်ချရသည့်အပြင် အားလုံးပါဝင်ချိတ်ဆက်နိုင်သည့် လုပ်ဆောင်မှုများဖြင့် ဖန်တီး တည်ဆောက်သွားမည်ဖြစ်သည်။

“စိန်ခေါ်မှုများတဲ့ ကာလမှာ လူတိုင်းအနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုကို ရယူသုံးစွဲနိုင် သင့်တယ်ဆိုတဲ့ ယုံကြည်ချက်ပေါ်မှာ အက်တမ် (ATOM) ကို ဖွဲ့စည်းထားတာပါ” ဟု အက်တမ်၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Muhammad Ziaullah Siddiqui (Zia) က ပြောကြားခဲ့ပါသည်။ “ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်က မြန်မာနိုင်ငံကို ခေတ်မီတဲ့ ချိတ်ဆက်မှုတွေနဲ့  တွန်းအားပေးရန်ဖြစ်ပြီး လူတိုင်းအတွက် ပိုမိုကောင်း ကောင်းမွန်တဲ့ လူနေမှုဘဝအတွေ့အကြုံခံစားနိုင်စေဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အသွင် ကူး ပြောင်းမှုဟာ အလွန်အံ့အားသင့်စရာကောင်းပေမယ့်လဲ ဒီထက်ပိုတဲ့ထူးခြားမှုတွေရောက်လာတော့မှာပါ။”

အက်တမ် (ATOM) သည် အနာဂတ်တွင် အဆင်သင့်ဖြစ်နေစေမည့် ဆက်သွယ်ရေးကွန်ရက်များ အဆင့်မြှင့် တင်ခြင်း၊ စီးပွားရေးလုပ်ငန်းများ အသွင်ကူးပြောင်းခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် ပြည်တွင်းရှိ အရည်အချင်းရှိသည့် လူငယ်လူရွယ်များကို မြေတောင်မြှောက်ပေးခြင်းတို့ပြုလုပ်ရန် အမေရိကန် ဒေါ်လာသန်း ၃၃၀ ကျော်ကို လာမည့် (၃) နှစ်အတွင်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါသည်။ အက်တမ် (ATOM) အနေဖြင့် လာမည့်နှစ်များတွင် 5G ကွန်ရက်ကို မြန်မာနိုင်ငံတွင် ပထမဆုံးစတင်နိုင်ရန်နှင့် ၎င်း၏ အဆင့်မီ ကွန်ရက်နှင့် တယ်လီကွန်းကဏ္ဍရှိ နိုင်ငံတကာနှင့် မိတ်ဖက်လုပ်ငန်းများကို အရှိန်မြှင့်တင်နိုင်စေရန် ရည်ရွယ် သည်။

“ခိုင်မာတဲ့ အခြေခံအုတ်မြစ်ပေါ်မှာ တည်ဆောက်လာခဲ့တဲ့ သမိုင်းကြောင်းကို ဆက်လက်လျှောက်လှမ်းရတာ ဂုဏ်ယူစရာပါပဲ။ သုံးစွဲသူတွေကို ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေဖြစ်တဲ့ ဂရုစိုက်မှု၊ နည်းပညာ၊ စည်းလုံး ညီညွတ်မှု၊ ပြိုင်ဘက်ကင်းတဲ့ဝန်ဆောင်မှုနှင့် ကမ္ဘာ့အဆင့်မီ ကွန်ရက်ကို ပေးဆောင်သွားဖို့ ရည်ရွယ်ပါတယ်။ အက်တမ် (ATOM) ကို ရည်ရွယ်ချက်ရှိရှိအပြင် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် လည်ပတ်လုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်” ဟု Zia က ထပ်လောင်းပြောကြားခဲ့သည်။

အက်တမ် (ATOM) အမှတ်တံဆိပ်သစ်ကို မိတ်ဆက်သည့် Experience Beyond အခမ်းအနားတွင် အလျင်အ မြန်ပြောင်းလဲနေသည့် ဒစ်ဂျစ်တယ်ကမ္ဘာအတွင်း မြန်မာနိုင်ငံအတွင်းရှိ မည်သူမဆို ပိုမိုကောင်းမွန်သည့် လူနေမှု ဘဝကို ရရှိနိုင်စေရန် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးပြီး ကောင်းမွန်သည့် သက်ရောက်မှုများရှိသည် လူမှုအကျိုးပြုလုပ်ငန်းများကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ အမှတ်တံဆိပ်သစ်စတင် လည်ပတ်သည့် အချိန်မှစ၍ လာမည့် ၂၀၂၃ ခုနှစ်ထိ အကူအညီအထောက်အပံ့လိုအပ်လျက်ရှိသည့် အသိုင်းအဝန်းများအကြား မြန်မာကျပ်ငွေ (၃,၀၀၀) သန်းကို ကျန်းမာရေး၊ ပညာရေးနှင့် လူသားချင်းစာနာထောက်ထားမှု စသည့် ကူညီ ထောက်ပံ့မှုများကို အဓိကထား ပံ့ပိုးကူညီသွားမည့် လူမှုအကျိုးပြု လုပ်ငန်းများတွင် သုံးစွဲသွားမည်ဖြစ်ပါသည်။

Beyond Better - ပိုမိုကောင်းမွန်သောနေ့သစ်များဆီသို့

အက်တမ် (ATOM) ၏ သက်သာသောနှုန်းထားများဖြင့် ပေးအပ်သွားမည့်  အသံခေါ်ဆိုမှုနှင့် ဒေတာပက်ကေ့ခ်ျ များသည်သတင်းနှင့် အချက်အလက်များကို ဖတ်ရှုလေ့လာခြင်း၊ e-commerce၊ လူမှုကွန်ရက် သို့မဟုတ် သုံးစွဲသူများ၏ ချစ်ခင်ရသူများနှင့်အဆက်အသွယ်မပြတ်ခြင်းတို့ဖြင့် နေ့စဉ်ဆက်သွယ်ချိတ်ဆက်ရေး လိုအပ် ချက်များကို ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်နိုင်ရန်အတွက် call centre ခေါ်ဆိုမှုများသည် အခမဲ့ဖြစ်ပြီး ဒစ်ဂျစ်တယ်ပေါ်မှတစ်ဆင့် သုံးစွဲသူများကို ပိတ်ရက်မရှိ ၂၄ နာရီပတ်လုံး ဝန်ဆောင်မှု ပေးအပ်သွားမည်ဖြစ်ပါသည်။

“ကဏ္ဍမျိုးစုံပါဝင်တဲ့ အကောင်းဆုံး ATOM Store နဲ့ customer care team ကနေ သုံးစွဲသူတွေရဲ့ လိုအပ်ချက် တွေကို အမြဲမျက်ခြေမပြတ်စောင့်ကြည့်ပြီး လိုအပ်သည်များကို အချိန်နဲ့ တပြေးညီ ပံ့ပိုးပေးနိုင်ဖို့နဲ့ အကောင်းဆုံး အတွေ့အကြုံတွေကို ရရှိခံစားနိုင်အောင် ပံ့ပိုးလုပ်ဆောင်ပေးဖို့ ရည်ရွယ်ထားပါတယ်။ နှစ်သက်သဘောကျမည့် ကမ်းလှမ်းချက်တွေ၊ အကောင်းဆုံး ဆုလက်ဆောင်တွေ၊ စိတ်ဝင်စားဖွယ် ဂိမ်းတွေအပြင် လေ့လာ သင်ယူနိုင်မည့် အစီအစဥ်နဲ့ လူမှုဘဝအထောက်အကူပြု ကဏ္ဍတွေစတဲ့ အစီအစဥ်တွေကလည်း လက်တကမ်းမှာပါ” ဟု အက်တမ် (ATOM) ၏  လုပ်ငန်းလည်ပတ်မှုဆိုင်ရာအရာရှိချုပ် Ahmad Abdallah က ပြော ကြားခဲ့ပါသည်။

အက်တမ် (ATOM) သည် Machine learning နှင့် metaverse ကဲ့သို့သော စဥ်ဆက်မပြတ် ပေါ်ထွက်နေသည့် ဒစ်ဂျစ်တယ်နည်းပညာများအတွက် မျိုးဆက်သစ် အခြေခံအဆောက်အဦများပေါ်တွင် ရင်းနှီးမြှပ်နှံသွားမည် ဖြစ်ပါသည်။ “ဒစ်ဂျစ်တယ်ကမ္ဘာ အသိုင်းအဝန်းအကြား အချင်းချင်းမျှဝေမှုတွေက အနာဂတ် စိတ်ကူးယဥ်သမား တွေရဲ့ အိပ်မက်တစ်ခု အနေနဲ့ပဲ မဟုတ်တော့ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ဒစ်ဂျစ်တယ် အတွေ့အကြုံတွေရရှိခံစားဖို့ အချိန်အကြာကြီး စောင့်နေဖို့မသင့်တဲ့အပြင် 5G ရဲ့ အကျိုးကျေးဇူးတွေကိုလည်း ခံစားခွင့်ရှိသင့်ပါတယ်” ဟု Ahmad က ထပ်လောင်း ပြောကြားခဲ့သည်။

ရည်မှန်းချက်အပြည့်နှင့် လျှောက်လှမ်းမည့်အမှတ်တံဆိပ်

ခံနိုင်ရည်ရှိမှုနှင့် သေချာမှုတို့ကို ကိုယ်စားပြုအသေးစိတ်ဖန်းတီးပုံဖော်ထားသည့် အက်တမ် (ATOM)  ၏ နာမည် သည် မြန်မာနိုင်ငံသားများအနေဖြင့် အက်တမ် (ATOM) ၏ တယ်လီကွန်းစွမ်းရည်များကို မှီခိုအားထားနိုင်ပြီး အတူရှေ့ဆက် လျှောက်လှမ်းနိုင်ရန် ဖြစ်ပါသည်။ “သက်ရှိ၊ သက်မဲ့အရာတိုင်းရဲ့ အက်တမ် အမှုန်အမွှားလေးများ က အသေးငယ်ဆုံးဖြစ်ရုံသာမက အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကမ္ဘာမြေပေါ်ရှိ မည်သည့်အရာတွင်မဆို အဓိကကျောရိုးဖြစ်သည့်အက်တမ်တစ်ခုရှိပြီး ၎င်းကိုယ်တိုင်ကပင် အသက်ရှင်သန်မှု၏ အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။ အက်တမ်လိုဂိုရှိမြှားတွေကခေတ်မီဒစ်ဂျစ်တယ်အနာဂတ်ဆီသို့ လျှောက် လှမ်းရန်အတွက် ကျွန်ုပ်တို့၏ သန္နိဋ္ဌာန်ကို  မီးမောင်းထိုးပြနေသလို လိုဂိုရှိ အရောင်ပေါင်းစပ်မှုကလည်း ကုမ္ပဏီရဲ့ ကျွမ်းကျင်မှု အမျိုးမျိုးကို ရည်ညွှန်းဖော်ပြနေတာပါ။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က အားလုံး လက်လှမ်းမှီတဲ့ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့်အတူ မရှိမဖြစ်လိုအပ်သော တယ်လီကွန်း ဝန်ဆောင်မှုတွေကို ရယူပြီး စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်ပြီး အားလုံးပါဝင်နိုင်သည့် ချိတ်ဆက်မှုဖြင့် ဒစ်ဂျစ်တယ်ကမ္ဘာကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်‌စေရန် ဖြစ်ပါတယ်” ဟု Zia မှ ရှင်းပြလင်းပြော ကြားခဲ့ပါသည်။

အက်တမ်၏ အဓိက အခြေခံလမ်းညွှန်မှု သုံးခု

လူ့အသိုင်းအဝိုင်းကို ဦးစားပေးခြင်း။         ။ သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်ပြီး အဆင်ပြေချောမွေ့စေမည့် ရွေးချယ်စရာတစ်ခုအဖြစ် လုပ်ဆောင်လျက် ဝန်ထမ်းများ၊ လုပ်ငန်းကဏ္ဍနှင့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက် မှုအတွက် ပံ့ပိုးသွားမည်ဖြစ်ပါသည်။

တိုးတက်ပြောင်းလဲလျက်ရှိသည့် ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲမှု။      ။ ကျွန်ုပ်တို့သည် အရည်အသွေးမြင့် ဒစ်ဂျစ် တယ်ထုတ်ကုန်များကို စဉ်ဆက်မပြတ် တီထွင်ဆန်းသစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စံချိန်စံညွှန်းများကို လိုက်နာခြင်း ဖြင့် စားသုံးသူအကာအကွယ်ပေးရေး၊ ဒေတာလုံခြုံရေး၊ ဒေတာခံနိုင်ရည်ရှိမှု၊ ကိုယ်ရေးကိုယ်တာ၊ ချိတ်ဆက် မှုနှင့် အသုံးပြုခွင့်တို့ကို ပေးဆောင်ပါသည်။

တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသောအမှတ်တံဆိပ်။       ။ လူ့အခွင့်အရေးစံနှုန်းများကို လက်ကိုင်ပြုသော၊ မြန်မာ နိုင်ငံဥပဒေများနှင့် စည်းမျဉ်းများကို လေးစားလိုက်နာသော၊ အပြုသဘောဆောင်သော လူမှုရေးဆိုင်ရာ အကျိုး သက်ရောက်မှုများကို ပံ့ပိုးပေးကာ ဂရုစိုက်မှု၊ လေးစားမှုနှင့် အားလုံးပါဝင်သော ယဉ်ကျေးမှုစနစ်ကို ပြုစုပျိုး ထောင်ပေးပြီး အုပ်ချုပ်ရေးလုပ်ငန်းစဥ်တွင် ပွင့်လင်းမြင်သာပြီး အဂတိတရား ကင်းရှင်းသည့် လုပ်ဆောင်မှုမျိုး ကို လုပ်ဆောင်ရန် ကျွန်ုပ်တို့ အခိုင်အမာ ကတိပြုပါသည်။