ကိုရိုနာဗိုင်းရပ်စ်ကြောင့် Dota 2 အသင်းတွေ အပေါ် ထိခိုက် လာနိုင်ခြေများကို သုံးသပ်ပြသွားခဲ့တဲ့ PPD

NIP Dota 2 အသင်းရဲ့ ကပ္ပတိန်လည်း၊ The International 2015 ပြိုင်ပွဲကြီးရဲ့ ချန်ပီယံလည်းဖြစ်တဲ့ PPD အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းခန့်က နာမည်ကျော် Caster တစ်ဦးဖြစ်သူ GrandDGranT ၊ EG Dota 2 အသင်းရဲ့ Carry ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ Mason တို့နဲ့ အတူ ကိုယ်ပိုင် Twitch Channel မှာ Talk Show တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

PPD

အဆိုပါ Talk Show မှာ PPD, GranDGranT, Mason တို့ အနေနဲ့ တိုးတက်ပြောင်းလဲလာတဲ့ Dota 2 ပြိုင်ပွဲ အကြောင်းတွေ၊ DPC အမှတ်ပေးစနစ်ကို ပြောင်းလဲသင့်တဲ့ အကြောင်းတွေ၊ နောက်နှစ်တွေမှာ ကျင်းပသွားမယ့် The International ပြိုင်ပွဲတွေရဲ့ နေရာဒေသတွေနဲ့ ပတ်သတ်တဲ့ အကြောင်းတွေကို ပြောခဲ့ကြသလို တရုတ်နိုင်ငံကနေ စတင် ပြန့်ပွားလာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သတ်ပြီးတော့လည်း ပြောကြားသွားခဲ့ပါတယ်။

PPD အနေနဲ့ တရုတ်နိုင်ငံ ကိုယ်စားပြု Dota 2 အသင်းတွေ အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ESL One LA Major 2020 ပြိုင်ပွဲနဲ့ Starladder ImbaTv Dota 2 Minor စတဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် မရရှိခဲ့ဘူးဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကိုပဲ အခုလိုပဲ သုံးသပ်ပြသွားခဲ့ပါတယ်။

GrandGrant

“တကယ်လို့ တရုတ်အသင်းတွေသာ Major/ Minor ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခွင့် မရခဲ့ဘူးဆိုရင် ကျွန်တော်တို့ ဥရောပ အခြေစိုက် အသင်းတွေကတော့ တကယ်ကို ဒုက္ခရောက်မှာ သေချာနေပါပြီ။ ဘာဖြစ်လို့လည်း သူတို့ နေရာမှာ အစားထိုးဖို့ ဘယ်အသင်းတွေကို ခေါ်သွားမယ်လို့ ခင်ဗျားတို့ ထင်မိလဲ။ ကျွန်တော်ကတော့ Nigma, Liquid စတဲ့ ဥရောပ အခြေစိုက် အင်အားကြီး Dota 2 အသင်းတွေကို ဖိတ်ခေါ်သွားမယ်လို့ ထင်မြင်မိပါတယ်။

Valve အနေနဲ့ တရုတ်အသင်းတွေ ကိုယ်စား ဝင်ရောက် ယှဥ်ပြိုင်ဖို့ အတွက် ဥရောပဒေသ၊ မြောက်အမေရိက ဒေသက အသင်းတွေ အတွက် လက်ရည်စစ်ပွဲတွေ ထပ်မံ ကျင်းပပြီး အနိုင်ရရှိတဲ့ အသင်းတွေသာ Major/ Minor ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ပေးခဲ့မယ် ဆိုရင်တောင် DPC Point ခွဲဝေရရှိမှု ဇယားမှာ မမျှတမှုတွေ ပေါ်ပေါက်လာမှာ အသေအချာပါပဲ။

ဥပမာပေးရရင်ဗျာ Nigma တို့၊ Liquid တို့က အရင် Major ပြိုင်ပွဲကနေ DPC Points တွေ ရရှိခဲ့ကြပြီးဖြစ်ပေမယ့် ကျွန်တော်တို့ အသင်းဆို DPC Points တွေ ရရှိခြင်း မရှိသေးဘူးလေ။ ဒီတော့ သူတို့တွေသာ မကြာခင် ကျင်းပသွားမယ့် Major/ Minor ပြိုင်ပွဲတွေမှာ ယှဥ်ပြိုင်ခွင့် ရရှိသွားရင် ကျွန်တော်တို့ အသင်းလို ယခု Major မှ DPC Points စရှာမယ့် အသင်းတွေ အတွက် နစ်နာစရာတွေ ရှိလာပြီ မဟုတ်လား။

ပြီးတော့ ကျွန်တော်တို့ အသင်းတွေက လက်ရည်စစ်ပွဲတွေမှာ Nigma, Liquid တို့လို အသင်းကြီးတွေကို ခက်ခက်ခဲခဲ ဖြတ်ကျော်ပြီး နောက်တစ်ဆင့်ကို တက်လှမ်းခဲ့ရတာလေ။ အခုလို တရုတ်အသင်းတွေ ယှဥ်ပြိုင်ခွင့် မရတာနဲ့ပဲ သူတို့တွေကို ဝင်ရောက် ယှဥ်ပြိုင်ခွင့် ပေးခဲ့မယ်ဆိုရင် ဘယ်လိုလောက် မျှတတော့မှာလဲ။”

ဒါ့အပြင် PPD အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်အသင်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ ပတ်သတ်ပြီး Valve အနေနဲ့ အလုပ်သင့်ဆုံး အချက်ကတော့ ESL One LA Major နဲ့ Starladder ImbaTv Dota 2 Minor ပြိုင်ပွဲတွေ အတွက် DPC Points တွေ ပေးအပ်သွားမယ့် အစီအစဥ်ကို ပယ်ဖျက်လိုက်ခြင်းကသာ အကောင်းဆုံး အစီအစဥ် တစ်ခု ဖြစ်နိုင်ကြောင်း ထောက်ပြသွားခဲ့ပါတယ်။

Mason (Right)

တကယ်လို့သာ Valve အနေနဲ့ ESL One LA Major နဲ့ Starladder ImbaTv Dota 2 Minor ပြိုင်ပွဲတွေ အတွက် DPC Points တွေ ပေးအပ်သွားမယ့် အစီအစဥ်ကို ပယ်ဖျက်ပြီး နောင်ကျင်းပသွားမယ့် Major/ Minor ပြိုင်ပွဲတွေမှာ DCP Points တွေ တိုးမြှင့်ပေးအပ်သွားဖို့ကလည်း နှစ်ထပ်ကွမ်း TI ချန်ပီယံ Dota 2 အသင်းဖြစ်တဲ့ OG Dota 2 အသင်းလို Major ပြိုင်ပွဲနှစ်ခု ဆက်တိုက် ဝင်ရောက် ယှဥ်ပြိုင်ခြင်း မရှိဘဲ တတိယမြောက် Major မှသာ ဝင်ရောက် ယှဥ်ပြိုင်ခဲ့တဲ့ Dota 2 အသင်းတွေ အတွက် နစ်နာမှုတွေ ရှိလာနိုင်တာကြောင့် Valve အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် DPC ပြိုင်ပွဲတွေ အပေါ် ထိခိုက်လာနိုင်ခြေတွေကို ဘယ်လို ဖြေရှင်းသွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming