မိုးရာသီမှာအဖြစ်များတဲ့ တုပ်ကွေးကိုဘယ်လိုကာကွယ်မလဲ

ရာသီဥတု ပြောင်းလဲလာတာနဲ့အမျှတုပ်ကွေးရောဂါကလည်းအစပြုလာပါပြီ။ဒီလိုမျိုး ရောဂါတွေမဝင်ဖို့ဆိုရင် ကိုယ့်ရဲ့နေထိုင်မှုပုံစံကိုလည်း ဆင်ခြင်ဖို့လိုအပ်ပါတယ်။ကာကွယ်ခြင်းသည် ကုသခြင်းထက်အများကြီးအထောက်အကူပြုပါတယ်။ ဒါကြောင့် မိုးရာသီရဲ့နေ့စဉ်ဖြတ်သန်းတဲ့နေရာမှာလည်း  အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။
တစ်ကိုယ်ရေသန့်ရှင်းရေး
မိုးရာသီကရောဂါပိုးတွေက အလွယ်တကူကူးစက်နိုင်တဲ့အတွက် ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရော၊ အသုံးအဆောင်တွေမှာရော သန့်ရှင်းနေဖို့ကအထူးအရေးကြီးပါတယ်နော်။မိုးတွေမိပြီး အိမ်ရောက်ရင်လည်းပေါ့ပေါ့လျောလျောနဲ့ မနေသင့်ပါဘူးနော်။ အပြင်ကပါတဲ့ တုပ်ကွေးပိုးတွေကလည်းကိုယ်မမြင်နိုင်တဲ့အတွက် အထူးအလေးထားသင့်ပါတယ်။

Photo Credit - pharmacy.com


ကာကွယ်ဆေးထိုရန်
မိုးရာသီရဲ့တုပ်ကွေးဆေးကလည်းအရေးကြီးပါတယ်။ တုပ်ကွေးဆေးကိုတစ်ချို့သူတွေက ဘာမှမဖြစ်ပါဘူးဆိုပြီးမထိုးချင်ကြပါဘူး။ တကယ်တော့ မိုးရာသီတုပ်ကွေးကခန္ဓာကိုယ်အတွက် 50% လောက်ကိုတော့ ထိရောက်စွာကာကွယ်ပေးနိုင်ပါတယ်နော်။

Photo Credit -health.com


အစားအသောက်ကိုအထူးဂရုစိုက်ပါ
အစားအသောက်ကလည်းရာသီဥတုတိုင်းမှာအရေးကြီးသလို မိုးရာသီမှာတော့ အထူးဂရုစိုက်သင့်ပါတယ်။အထူးသဖြင့် အာဟာရရှိတဲ့အစားအသောက်တွေဖြစ်ဖို့အရေးကြီးပါတယ်။ ရှောင်ကျဉ်သင့်တာကတော့ မနေ့ကကျန်တဲ့အစားအသောက်တွေကို မနွေးပဲနဲ့ပြန်မစားတာမျိုးအဲ့လိုမျိုးတွေကိုအထူးရှောင်သင့်ပါတယ်။

Photo Credit -News

Kelly- Akhayar Lifestyle