Open Qualifier အဆင့်မှာတင် ထပ်မံ ကျရှုံးခဲ့တဲ့ TI 8 1st Runner Up Dota 2 အသင်း PSG.LGD

The International 2018 မှာ ဒုတိယ၊ The International 2019 မှာ တတိယ၊ Major ပြိုင်ပွဲပေါင်း များစွာမှာ ချန်ပီယံဆုတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ PSG.LGD အနေနဲ့ 2019-2020 DPC ရာသီမှာတော့ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ PSG.LGD အနေနဲ့ 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major ပြိုင်ပွဲ DreamLeague Season 13 Leipzig Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိရေး အတွက် ဒေသတွင်း လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပေမယ့် Open Qualifier အဆင့်မှာတင် ကျေနပ်ခဲ့ရပါတယ်။

PSG.LGD.Maybe

ဒါကြောင့်လည်း ESL One LA Major လက်ရည်စစ်ပွဲတွေ မတိုင်ခင်မှာ PSG.LGD Dota 2 အသင်း အနေနဲ့ ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ပြီး Open Qualifier ကနေ တစ်ဆင့် ထပ်မံ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပါတယ်။

Open Qualifier တစ်လျှောက် PSG.LGD အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပေမယ့် ESL One LA Major Open Qualifier ပြိုင်ပွဲရဲ့ နောက်ဆုံး ပွဲစဥ်မှာ အမျိုးသမီး ပရိုဖက်ရှင်နယ် Dota 2 ကစားသမားဖြစ်သူ AXX ပါဝင်တဲ့ Team Blaze ကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် ESL One LA Major ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိမယ့် အခွင့်အရေးကို ထပ်မံ ဆုံးရှုံးလိုက်ရပြန်ပြီ ဖြစ်ပါတယ်။

PSG.LGD.Fy

AXX အနေနဲ့လည်း PSG.LGD ကို အနိုင်ယူပြီး Team Blaze နဲ့အတူ Closed Qualifier အဆင့်ကို တက်လှမ်းနိုင်ခဲ့တာကြောင့် ‌Closed Qualifier လက်ရည်စစ်ပွဲမှာ ပထမဆုံး ဝင်ရောက် ယှဥ်ပြိုင်ဖူးတဲ့ အမျိုးသမီး Dota 2 ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

AXX

လက်ရှိအချိန်မှာ Team Blaze အနေနဲ့ တရုတ်နိုင်ငံ အခြေစိုက် နာမည်ကျော် Dota 2 အသင်းများနဲ့ အတူ ESL One LA Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိရေး အတွက် ဆက်လက် တိုက်ပွဲဝင်လျက် ရှိတာကြောင့် AXX အနေနဲ့ ပထမဆုံး Valve အသိအမှတ်ပြု Major ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိခဲ့တဲ့ ပထမဆုံး အမျိုးသမီး Dota 2 ကစားသမား အဖြစ် ထပ်မံ မှတ်တမ်းတင်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports