Download ဆွဲသူဦးရေ သန်း ၆၀၀ ပြည့်သွားခဲ့ပြီဖြစ်တဲ့ PUBG Mobile

PMCO Fall Championship ပြိုင်ပွဲကြီး ပြီးဆုံးသွားပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Player Unknow Battle Ground အဖွဲ့အစည်း အနေနဲ့ PUBG Mobile ကို Download ဆွဲသူဦးရေ သန်း ၆၀၀ ပြည့်သွားခဲ့ပြီ ဖြစ်ကြောင်းကို တရားဝင် ကြေငြာသွားခဲ့ပါတယ်။

အခုလို Dowload ဆွဲသူဦးရေ သန်း ၆၀၀ ပြည့်သွားခဲ့တာကြောင့် Mobile Esports ဂိမ်းတွေ အတွင်း Download ဆွဲ အသုံးပြုသူ အများဆုံး ဂိမ်းတွေထဲ အထဲမှာ တစ်ခု အပါအဝင် အဖြစ် PUBG Mobile အနေနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ သတင်း အချက်အလက်များ အရ PUBG Mobile အနေနဲ့ Garena: Free Fire နဲ့ အပြိုင် Dowload ဆွဲ အသုံးပြုသူ အများဆုံး Esports ဂိမ်းတစ်ခု အဖြစ် ရပ်တည်လျက် ရှိတယ်လို့ သိရပါတယ်။

PUBG Mobile အနေနဲ့ စတင် မိတ်ဆက်ပေးခဲ့တဲ့ ၂၀၁၈ ခုနှစ် အစောပိုင်း ကာလက စတင်ပြီး ကမ္ဘာတစ်ဝှမ်း လူကြိုက်အများဆုံး Esports ဂိမ်း တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သလို ဇူလိုင်လ ၂၀၁၈ ခုနှစ်မှာ Download ဆွဲသူဦးရေ သန်း ၄၀၀ အထိ မြင့်တက်လာခဲ့ပြီး နောက်ထပ် တစ်နှစ်ခန့် အကြာမှာ Download ဆွဲသူဦးရေ သန်း ၂၀၀ ခန့် ထပ်မံ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ဇူလိုင်လမှာ PUBG အဖွဲ့အစည်းရဲ့ တရားဝင် ထုတ်ပြန် ကြေငြာချက်များအရ PUBG PC Version နဲ့ PUBG Console Version ကို ကစားသူဦးရေ သန်း ၅၀ ခန့်သာ ရှိတယ်လို့ သိရတာကြောင့် PUBG Mobile ကစားသမား ဦးရေက PC, Console နှစ်ခုပေါင်း ကစားသမား ဦးရေထက် အဆမတန် များပြားလို့ နေခဲ့ပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီကိစ္စကလည်း သိပ်တော့ ထူးဆန်းတော့ ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး။ PUBG PC Version နဲ့ Console Version တို့ကို ကစားဖို့ အတွက် ပိုက်ဆံပေးချေရန် လိုအပ်သလို High End PC ကြီးတွေ၊ PS 4 စက်တွေ လိုအပ်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် PUBG Mobile Version ကိုတော့ အလကား Download ဆွဲ အသုံးပြုနိုင်မှာဖြစ်ပြီး Mid-Rage စမတ်ဖုန်း တစ်လုံး ပိုင်ဆိုင်ထားရုံနဲ့ PUBG Mobile Version ကို အဆင်ပြေပြေ ကစားနိုင်တာကြောင့် Download ဆွဲ အသုံးပြုသူတွေ အဆမတန် များပြားနေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် PUBG Mobile ဂိမ်းကို ထုတ်လုပ်ခဲ့တဲ့ Developer တွေ အနေနဲ့ ကစားသမားဦးရေ ထပ်မံ မြင့်တက်လာစေဖို့ အတွက် လတိုင်းနီးပါး Update အသစ်တွေ၊ Patch အသစ်တွေကို ထုတ်လွှတ်ပေးလျက် ရှိသလို မကြာခင် အချိန်အတွင်းမှာလည်း Game Mode အသစ်တစ်မျိုးဖြစ်တဲ့ Rage Gear ကိုလည်း PUBG Mobile Version အတွက် ထုတ်လွှတ် ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် PUBG အဖွဲ့အစည်း အနေနဲ့ ၂၀၂၀ ခုနှစ် အတွင်းမှာ ကျင်းပသွားမယ့် PUBG Mobile Esports ပြိုင်ပွဲများ အတွက် ဒေါ်လာ ၅ သန်းအထိ အသုံးပြုသွားမှာ ဖြစ်တယ်လို့ တရားဝင် ကြေငြာထားတာကြောင့် Download ဆွဲ အသုံးပြုသူ ဦးရေ ထပ်မံ မြင့်တက်လာနိုင်ပြီး နောင်တစ်ချိန်မှာ အသုံးပြုသူ အများဆုံး Mobile Esports ဂိမ်းအဖြစ် ရပ်တည်နိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming