Queen အဖွဲ့ရဲ့လူသိနည်းတဲ့ အချက်တချို့

ဒီနေ့မှာတော့ Akhayar Lifestyle ပရိတ်သတ်တွေအတွက်  70’s-80’s ကာလတွေမှာ ရေပန်းစား၊လူကြိုက်များခဲ့တဲ့ ၊အခုထိလည်း သူတို့သီချင်းတွေ ကိုလူကြိုက်များဆဲဖြစ်တဲ့  British Rock Band-''Queen'' နဲ့ပတ်သတ်တဲ့ စိတ်ဝင်စားစရာအကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
Queen ကို 1970 ခုနှစ်တွင်
Freddie Mercury(Lead Vocalist),
Brian May(Guitar, Vocal),
Roger Taylor (drums, vocals) တို့နဲ့ London မြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး
နောက်ပိုင်းတွင် John Deacon (bass) ပါ Joinခဲ့ပါတယ်။
သူတို့ရဲ့ အစောဆုံးလက်ရာတွေဖြစ်တဲ့ Progressive Rock, Hard Rock and Heavy Metal တို့နဲ့ စခဲ့ပေမယ့်လည်း
နောက်ပိုင်းတွေမှာတော့ Band က
arena rock ,pop rock ကဲ့သို့သော နောက်ထပ်ပုံစံအသစ်တွေ၊ Radio-Friendly(လူကြိုက်များတဲ့) လက်ရာတွေအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့တယ်။
သူတို့ရဲ့ ဖန်တီးမှု၊သီချင်းရေးစပ်မှုနဲ့ ထူးခြားတဲ့ တီးခတ်မှုပုံစံတွေက  Queen ကို ပိုပြီးနာမည်ကြီးစေပြီး Bandရဲ့ Frontman ဖြစ်တဲ့ Freddie Mercury ကို မတွေးဘဲနဲ့လည်း Queen အကြောင်းကို တွေးလို့ မရပါဘူး။
ဒီတော့ Queen ရဲ့ စိတ်ဝင်စားစရာကောင်းပြီး လူသိနည်းတဲ့အချက်တွေကို ဖတ်ကြည့်ကြရအောင်..

Queen Bandရဲ့မူလအစ

အဖွဲ့ရဲ့ မူလတည်ထောင်သူတွေကတော့ Brian May, Roger Taylor ဖြစ်ပြီး 1968 မှာ Smile ဆိုတဲ့နာမည်နဲ့စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ထိုအချိန်တုန်းကတော့ Band ရဲ့ Lead Vocalist (ပင်တိုင်အဆိုတော်) က Tim Stafell ဖြစ်ပြီး နောက်ပိုင်းမှာ အဖွဲ့ရဲ့ ပင်တိုင်အဆိုတော်ဖြစ်လာမယ့် ကြယ်ပွင့်လောင်း Freddie Mercury နဲ့အတူ Ealing Art ကောလိပ် မှာ အတူတက်ရောက်ပညာသင်ကြားခဲ့ပါတယ်။ Mercury က Smile အဖွဲ့ရဲ့ အမာခံပရိသတ် တစ်ဦးဖြစ်ပြီး 1970 မှာ အဖွဲ့ကနေ Tim Stafell ထွက်ခွာမှုနဲ့ အတူ Mercury ဟာ အဖွဲ့ထဲကိုစတင်ဝင်ရောက်လာခဲ့တယ်။
“Queen” ဆိုတဲ့ နာမည်ကလည်း Mercury ကိုယ်တိုင်ပြောင်းလဲဖို့ အကြံပြုခဲ့တဲ့နာမည်ပဲဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ Queen Band အနေနဲ့ ထူးချွန်ပြောင်မြောက်ပြီး ဆယ်စုနှစ် နှစ်ခုကျော်စာ ပရိတ်သတ်တွေရဲ့ ရင်ထဲမှာကျန်ရှိနေမယ့် သီချင်းတွေကို ဖန်တီးခဲ့ကြပါတယ်။

Doctor တစ်ယောက် ဖြစ်ဖို့နီးစပ်ခဲ့တဲ့ Brian May

Band ရဲ့ Guitarist တစ်ဦးဖြစ်တဲ့ Brian May ဟာ Band ကို မဝင်ရောက်ခင်မှာ London ရဲ့ Imperial ကောလိပ်ကနေ Astrophysics နဲ့ ပတ်သတ်ပြီး Phdဘွဲ့ ရထားသူဖြစ်ပါတယ်။

Queen ရဲ့သီချင်းတွေအားလုံးကို Freddie Mercury တစ်ယောက်တည်းက ရေးတာမဟုတ်ပါဘူး

Band အနေနဲ့သီချင်းပေါင်းများစွာကိုထုတ်လုပ်ခဲ့တဲ့ Queen အဖွဲ့မှာ Mercury တစ်ယောက်တည်းက သီချင်းတွေအကုန်လုံးကိုရေးတာမဟုတ်ဘဲ အဖွဲ့ဝင်တစ်ယောက်ချင်းစီတိုင်းက သီချင်းတွေကိုရေးသားဖူးပြီး အဖွဲ့သားတွေနဲ့ အတူဖန်တီးခဲ့ကြပါတယ်။ ဒါပေမယ့် Freddie ရဲ့ သီချင်းရေးစွမ်းရည်ကိုကထူးခြားတာပါ။ သူ့သီချင်းတွေကို စာရွက်ပေါ်မှာချမရေးခင် ခေါင်းထဲမှာ ရေးစပ်ဖန်တီးတတ်တယ်လို့ ပြောဖူးပါတယ်။ သူ့ရဲ့ အနောက်မှာလည်း အမြဲတမ်းနီးပါး စာရွက်နဲ့ဘောပင် ကိုင်ထားတဲ့ Assistant တွေ က အနားမှာလိုက်ပါလေ့ရှိတတ်တယ်လို့ပြောဖူးပါတယ်။ တစ်ခါမှာဆို ရေချိုးနေရင်း Idea ရလို့ ဆယ်မိနစ်အတွင်း “Crazy Little Things called Love” ရဲ့ သီချင်း foundation ကို ဖန်တီးခဲ့တယ်လို့သိရပါတယ်။

Mercury ရေးသားခဲ့တာမဟုတ်တဲ့ အခြားအဖွဲ့ဝင်တွေ ရေးသားပြီး အောင်မြင်ခဲ့တဲ့သီချင်းတချို့
1.Another one bites of dust (1980) - Deacon
2.I want to break free (1984)- Deacon
3. Radio Ga Ga ( 1984) - Taylor
4.Invisible man (1989) - Taylor
5.The show must go on (1991) - Brian May
6.We will rock you (1977) - Brian May

Live Aid ပွဲကနေ အလှူငွေ ဒေါ်လာ 125 Million မတည်နိုင်ခဲ့တဲ့ Queen အဖွဲ့

1985 ခုနှစ် မှာ အငတ်ဘေး ဒုက္ခသည်တွေကိုလှူဒါန်းဖို့အတွက် နာမည်ကျော် Artist ပေါင်းများစွာ စုပေါင်းပြီး Live Aid လို့ခေါ်တဲ့ ရန်ပုံငွေ ပွဲတစ်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ထိုပွဲမှာ Queen က သီချင်းအချို့ကိုဖျော်ဖြေတင်ဆက်ခဲ့ပြီး အဲ့ဒီပွဲကနေ စံချိန်တင် ရန်ပုံငွေ အမြောက်အမြား ကိုမတည်နိုင်ခဲ့ပါတယ်။ ၎င်းပွဲဟာ Queen အဖွဲ့ရဲ့ Live Aid ဖျော်ဖြေမှုဟာ rock ဂီတဖျော်ဖြေပွဲတွေထဲမှာ အကောင်းဆုံး ဖျော်ဖြေမှုတွေထဲကတစ်ခုလို့သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ Freddie ရဲ့ ထိုပွဲမှပုံရိပ်များကလည်း ယနေ့ထိ Trademark တစ်ခုအနေနဲ့တည်ရှိနေပြီး ပရိတ်သတ် တွေအကြားမှာလည်း အမှတ်တရအနေနဲ့လွမ်းဆွတ်နေရဆဲဖြစ်ပါတယ်။

Freddie Mercury ရဲ့ နာမည်အရင်း

ဟုတ်ပါတယ်။ Freddie ရဲ့ နာမည်အရင်းက Freddie Mercury မဟုတ်ပါဘူး။ သူ့ရဲ့နာမည်အရင်းက Farrokh Bulsara ဖြစ်ပြီးSeptember လ 5 ရက်နေ့ 1946 မှာ အာဖရိက အရှေ့ဘက်မှာရှိတဲ့ Zanzibar ဆိုတဲ့ကျွန်းလေးမှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ London မြို့ ကိုပြောင်းရွေ့နေထိုင်ခဲ့ပြီး 1970 ဝန်းကျင်မှာ သူ့ရဲ့နာမည်ကို Freddie Mercury လို့ပြောင်းလဲခေါ်ဆိုစေခဲ့ပါတယ်။

Bohemian Rhapsody သီချင်းရဲ့ စိတ်ဝင်စားစရာအကြောင်းအရာတချို့

ဒီသီချင်းလေးဟာ Queen Band အဖွဲ့ရဲ့ Iconic သီချင်းတစ်ပုဒ်ဖြစ်ပြီး အကောင်းဆုံးသီချင်းတွေထဲကတစ်ပုဒ်ဖြစ်ပါတယ်။ ဒီသီချင်းရဲ့ ကြာချိန်ဟာ ၆ မိနစ်ကျော်ကြာမြင့်ပြီး ထိုခေတ်မှာတော့ သီချင်း တစ်ပုဒ်အတွက် ရှည်လွန်းတဲ့ ကြာချိန်လည်းဖြစ်ပါတယ်။ ဒီ သီချင်းကိုတော့ Freddie Mercury ကရေးစပ်ထားတာဖြစ်ပြီး 1975 October 31 တွင် စတင်ထုတ်လွှင့်ခဲ့ပါတယ်။ ထူးခြားချက်အနေနဲ့ သီချင်းကို အချိန် သုံးပတ်ကြာ အသံသွင်းခဲ့ပြီး England နိုင်ငံထဲမှာရှိတဲ့ မတူညီတဲ့ studio တွေမှာအသံသွင်းခဲ့တယ်လို့သိရပါတယ်။ သီချင်းကိုနားထောင်ကြည့်လိုက်မယ်ဆိုရင်လည်း တခြားသီချင်းတွေနဲ့မတူပဲ တမူထူးနေတာကိုတွေ့ရမှာဖြစ်ပြီးတော့ မတူညီတဲ့ တူရိယာတွေ ၊ Multiple Vocal တွေ ၊ Harmony တွေနဲ့ Opera သီချင်း ဆန်ဆန် ဖန်တီးထားတာကိုတွေ့ရမှာပါ။ သီချင်းထွက်ရှိပြီးချိန်မှာလည်း A Grammy Hall of Fame Award and A Classic Rock Roll of Honour Award for Classic Song စတဲ့ဆုများစွာကိုလည်း ဆွတ်ခူးခဲ့ပါတယ်။

2018 ခုနှစ်မှာ Bohemian Rhapsody နာမည်နဲ့ Mercury ရဲ့ Biography ဇာတ်ကားထွက်ရှိခဲ့ပြီး အောင်မြင် မှုတော်တော်များများ ရရှိခဲ့ပါတယ်။ မင်းသား Rami Malek က Mercury နေရာကနေ အပြောင်‌မြောက်ဆုံးသရုပ်ဆောင်ထားပြီး Freddie ရဲ့ပုံရိပ်များကို ပြန်လည်အမှတ်ရစေခဲ့ပါတယ်။ Queen ရဲ့မူလ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Brian May ကိုယ်တိုင်လည်း Excecutive Producer အနေနဲ့ ပါဝင်ထားပြီး ဆုပေါင်းများစွာကိုလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။ မင်းသား Rami Malek ရဲ့ The Academy Award of Best Actor ဆုအပါအဝင် Academy Award ဆု ၄ ဆု၊ Golden Globe Award ဆု ၂ ဆု၊ BAFTA Award ဆု ၂ ဆုတို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ Biography ရုပ်ရှင်ဆိုပေမယ့် Fictional drama တချို့ ထည့်သွင်းထားတာကြောင့် တချို့ဟာ တွေကတော့ လက်တွေ့ ဖြစ်ခဲ့တာတွေနဲ့ အနည်းငယ်လွဲမှားနေနိုင်ပါတယ်။ ရုပ်ရှင် ရဲ့ ဆွဲဆောင်မှုအရှိဆုံး ဇာတ်ဝင်ခန်းကတော့ Queen အဖွဲ့ရဲ့ အကောင်းဆုံး ဖျော်ဖြေမှုတစ်ခုဖြစ်တဲ့ 1985 Live Aid ပွဲက ဖျော်ဖြေမှုကို အကောင်းဆုံးပြန်လည်ဖန်တီးပြီးရိုက်ကူးပြနိုင်တာပဲဖြစ်ပါတယ်။ ကြည့်ရှုတဲ့သူတွေကိုယ်တိုင် သရုပ်ဆောင်ကို Mercury ပါလားလို့မှတ်ယူသွားလောက်တဲ့အထိကို ဖန်တီးမှုကောင်းခဲ့ကြပါတယ်

Mercury ရဲ့ ဆုံးပါးမှုနဲ့ Queen အဖွဲ့ရဲ့နေဝင်ချိန်

British Rock band ကြီးရဲ့ Lead Vocalist တစ်ဖြစ်လည်း Queen အဖွဲ့ရဲ့ ပဲ့ကိုင်ရှင်ကြီး Freddie Mercury ဟာ November လ 24 ရက်နေ့ 1991 ခုနှစ်မှာ AIDS ရောဂါကြောင့် အသက် ၄၅ နှစ်အရွယ်မှာပဲ Kensington နေအိမ်မှာ ဆုံးပါးသွားခဲ့ပါတယ်။ Freddie ဟာ သူ့ရဲ့ ရောဂါလက္ခဏာများကို 1982 အစောပိုင်းမှာတည်းမှာတည်းစတင်ခံစားနေခဲ့ရတာဖြစ်ပြီး 1987 ကနေစပြီး ရောဂါဝေဒနာကိုစတင်ခံစားခဲ့ရတယ်လို့ သူ့ရဲ့လက်တွဲဖော်တစ်ဦးဖြစ်တဲ့ Jim Hutton ပြောပြချက်များအရသိရပါတယ်။

Freddie ဟာ သူ့ကိုယ်သူ Bisexual တစ်ယောက်ဖြစ်ကြောင်းဝန်ခံခဲ့ဖူးပါတယ်။ Freddie ဟာ Mary Austin နဲ့ အတူ နှစ်အတော်ကြာလက်တွဲခဲ့ဖူးပြီး 1976 မှာ သူ့ရဲ့ Sexuality နဲ့ပတ်သတ်ပြီးလမ်းခွဲခဲ့ကြပါတယ်။ ဒါပေမယ့် Mary ဟာသူ့အပေါ်မှာ သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ သူ့ရဲ့နောက်ဆုံးအချိန်တွေထိ ကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။ Freddie ဟာ 1985 မှာ အချစ်သစ်ကိုရှာဖွေတွေ့ရှိခဲ့ပြီး ခင်ပွန်းဖြစ်သူ Jim Hutton နဲ့ သူရဲ့ နောက်ဆုံးအသက်ရှင်ကျန်တဲ့နေ့ရက်တွေကို အတူတူဖြတ်သန်းခဲ့ပါတယ်။

Freddie ဟာ Queen အဖွဲ့နဲ့ အတူ 1986 Knebworth Park မှာပြုလုပ်ခဲ့တဲ့ Concert မှာ နောက်ဆုံးဖျော်ဖြေမှုကိုပြုလုပ်ခဲ့တယ်ဆိုပေမယ့် အဖွဲ့နဲ့အတူတူ 1991 အထိသီချင်းတွေ ဆက်ထုတ်နေခဲ့ပြီး MV တွေရိုက်ကူးနေခဲ့ပါသေးတယ်။

နောက်ပိုင်းမှာတော့ Queen အဖွဲ့ဟာ Tour တွေ Concert တွေရှိသေးပေမယ့် Main Vocalist မရှိတာရယ် ၊ အဖွဲ့သားမစုံလင်တော့တာတွေကြောင့် အရင်လို Iconic ဖြစ်တဲ့ Queen အဖွဲ့ကိုမတွေ့ရတော့ပါဘူး။ Brian May နဲ့ Taylor တို့ဟာလက်ရှိမှာ အဖွဲ့သားတွေနဲ့ ရှိနေသေးပေမယ့် အရင်လိုတော့ Active မဖြစ်တော့ပါဘူး။ လက်ရှိ Queen ရဲ့ Main Lead Vocalist အနေနဲ့ Adam Lambert က Feature လုပ်နေဆဲဖြစ်ပါတယ်။

ခုလောက်ဆိုရင် အဖေတို့ခေတ်က British Rock Band Queen ရဲ့ အကြောင်းအရာတချို့ကိုသိပြီးလောက်ပြီထင်ပါတယ်။

အဆုံးထိဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။