Relationship တစ်ခုမှာ ချုပ်ချယ်လွန်းရင် ပြတ်နိုင်ဖို့အခွင့်လမ်းပိုများနိုင်လား

Relationship တစ်ခုမှာ ချုပ်ချယ်လွန်းရင် ပြတ်နိုင်ဖို့အခွင့်လမ်းပိုများနိုင်လား

လူရယ်လို့ဖြစ်လာရင် အချစ်တွေ ၊မေတ္တာတွေ ၊သံယောဇာဉ်တွေနဲ့ မကင်းဝေးနိုင်ပါဘူးနော်။လူတစ်ယောက်နဲ့တစ်ယောက် တစ်စိမ်းအဆင့်ကရင်းနှီးပြီးတော့ တည်ဆောက်လာတဲ့ Relationship တွေကအရမ်းအချစ်လွန်၊အစိုးရိမ်လွန်လာရင် တစ်ယောက်နဲ့ တစ်ယောက်ကစိတ်မချတာမျိုးတွေ၊ချုပ်ချယ်တာမျိုးတွေဖြစ်လာတတ်ကြပါတယ်။ Obsessive-compulsive disorder လို့ခေါ်တဲ့ အစိုးရိပ်လွန်တဲ့ရောဂါလို့လည်းပြောလို့ရပါတယ်။

Photo Credit-Valley

အဲ့လိုအရမ်းချုပ်ချယ်ရင်တော့ တစ်ယောက်နဲ့ တစ်ယောက်ကဝေးကွာသွားဖို့အခွင့်အလမ်းတွေဖြစ်ပေါ်လာနိုင်ပါတယ်နော်။ယုံကြည်မှုတွေမပေးဘူး အမြဲတမ်းသံသရစိတ်တွေဝင်ပြီး အပြင်ထွက်တိုင်းလည်းဖုန်းတွေဆက်နေမယ်၊သူငယ်ချင်းတွေနဲ့ Hangout တွေလုပ်ရင်တောင် စိတ်မချဘူး၊အဲ့လိုမျိုးအခြေအနေတွေကခဏခဏဆိုရင် တစ်ဖက်သားကလည်းစိတ်ပျက်သွားနိုင်သလို ကိုယ်ကလည်းအမြဲသူ့စိတ်ပူတဲ့စိတ်နဲ့ပဲ ပူလောင်နေရတတ်ပါတယ်။Relationship တစ်ခုမှာ တစ်ဖက်သားကိုကိုယ့်ရဲ့အစိုးရိမ်လွန်မှုတွေ၊အတောမသတ်တွေတဲ့ ဆန္ဒတွေကြားမှာပဲပိတ်မိနေပြီး ဘဝမှာမပျော်မရွင်ဖြစ်နေရတတ်ပါတယ်နော်။

Photo Credit- Dramasian

Kelly -Akhayar Lifestyle