ချစ်သူရည်းစားအတွဲတွေစကားများရင်မလုပ်သင့်ဆုံးအချက်

ရန်အဖြစ်များဆုံး အတွဲတွေက ပိုချစ်ကြတဲ့အတွဲတွေလား?ချစ်သူရည်းစားအတွဲတွေကရန်တွေဖြစ်လိုက်၊ပြန်ချစ်လိုက်ဆိုတာကတော့သဘာဝပါပဲ။ဒါပေမယ့် ကောင်မလေးအများစုက အရမ်းချစ်လို့ရစ်ကြတယ်၊ကောင်လေးတွေကလည်း ချစ်လို့အလိုလိုက်ကြတယ်။တစ်ချို့ကောင်လေးတွေကလည်းအရမ်းသည်းမခံနိုင်တဲ့ အခြေအနေမျိုးတွေဖြစ်လာတတ်ပါတယ်။အဲ့လိုအရမ်းတင်းမာနေတဲ့အချိန်မျိုးဆိုရင်တစ်ယောက်ကတော့အလျော့ပေးဖိုတော့ လိုမယ်ထင်တယ်နော်။ချစ်လို့ကျီစယ်တယ်ဆိုပေမယ့် အရမ်းတင်းမာနေတဲ့အချိန်မျိုးဆိုရင် နှစ်ယောက်ထဲက တစ်ယောက်ထဲကတစ်ယောက်ကအခြေအနေကိုလက်ခံနိုင်ဖို့အရေးကြီးပါတယ်။

Photo Credit-East Coast Radio

Photo Credit-Quora

အဲ့လိုအခြေအနေမျိုးဆို တစ်ယောက်နဲ့တစ်ယောက် စကားမပြောပဲခဏလောက်နေကြည့်လိုက်ပါ။ကိုယ့်ရဲ့စိတ်ကိုအရင်တည်ငြိမ်အာင် လုပ်ပါ၊ပြီးမှ စကားပြန်ပြောကြပါ။တစ်ယောက်နဲ့တစ်ယောက်က စိတ်ကောက်တာတို့၊စိတ်တိုတဲ့နေတဲ့အချိန်တွေထက်တစ်ယောက်ကိုတစ်ယောက်နားလည်းပေးလိုက်ပြီး ပျော်ရွှင်စရာအချိန်လေးတွေကို ပိုယူသင့်ပါတယ်။ လူ့ဘဝကတိုတိုလေးပါ။တစ်ယောက်လိုအပ်နေတာကို တစ်ယောက်ကအလျော့ပေးပြီးလက်ခံပေးဖို့ပဲလိုပါတယ်။နားလည်မှုကတော့အရေးကြီးဆုံးပါ။နားလည်မပေးနိုင်ဘူးဆိုရင် ရေရှည်လက်တွဲနိုင်ဖို့ဆိုတာအခက်အခဲရှိလာနိုင်ပါတယ်။အားလုံးလည်းဒီအချက်လေးတွေကို ရန်ဖြစ်တော့မယ်ဆိုရင် သတိထားပြီးတော့ သာယာပျော်ရွှင်တဲ့ချစ်သူရည်းစားစုံတွဲတွေဖြစ်ကြပါစေနော်။

Photo Credit-New York Post

Kelly (Akhayar Lifestyle)