ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေရပ်ကို ပြန်နိုင်ဖို့ အခက်အခဲတွေနဲ့ ရင်နိုင်နေရတဲ့ Resolution

ရုရှားနိုင်ငံ အခြေစိုက် နာမည်ကျော် Dota 2 အသင်း Virtus Pro ရဲ့ Offlane ကစားသမားဖြစ်သူ Resolution အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေရပ်ဖြစ်တဲ့ ယူကရိန်းနိုင်ငံ၊ Kyiv မြို့ကို ပြန်နိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှု အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ အတွက် နိုင်ငံ အများစု အနေနဲ့ နိုင်ငံတွင်း ဝင်ထွက်သွားလာခွင့်တွေကို ပိတ်သိမ်းလိုက်ပြီ ဖြစ်သလို ရုရှားနိုင်ငံ အနေနဲ့လည်း အခြားသော နိုင်ငံတွေ နည်းတူ နိုင်ငံအတွင်း ဝင်ရောက်ခွင့်၊ ထွက်ခွာခွင့်တွေကို ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံသား၊ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား Resolution အနေနဲ့ ESL One LA Major မှာ အောင်မြင်မှုတွေ စွတ်ခူးနိုင်ဖို့ အတွက် Virtus Pro Dota 2 အသင်း အခြေစိုက်ရာ ရုရှားနိုင်ငံမှာ အခြားသော အသင်းသားတွေနဲ့ အတူ စခန်းသွင်း လေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့ပေမယ့်လည်း ESL One LA Major ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်တာကြောင့် နေရပ်ဖြစ်တဲ့ ယူကရိန်းနိုင်ငံ၊ Kyiv မြို့ကိုပြန်ဖို့ အတွက် ကြိုးစားခဲ့ပါတယ်။

ရုရှားနိုင်ငံနဲ့ ယူကရိန်းနိုင်ငံ အကြား နယ်စပ် ဖြတ်ကျော် သွားလာခွင့်ကို ပိတ်သိမ်းလိုက်ပြီ ဖြစ်တာကြောင့် Reso တစ်ယောက် မွေးရပ်မြေကို ပြန်နိုင်ဖို့ အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရုရှားနိုင်ငံကနေ ယူကရိန်းနိုင်ငံကို တိုက်ရိုက် ပြေးဆွဲတဲ့ လေကြောင်းလိုင်းတွေလည်း ရပ်နားလိုက်ပြီ ဖြစ်တာကြောင့် Reso အနေနဲ့ မွေးရပ်မြေကို ပြန်နိုင်ဖို့ အတွက် ဘီလာရုစ်နိုင်ငံကို အရင် သွားရောက်ပြီး ဘီလာရုစ်ကနေ တစ်ဆင့် ယူကရိန်းကို ပြန်ဝင်ဖို့ ထပ်မံ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့်လည်း ရုရှားအစိုးရ အနေနဲ့ ဘီလာရုစ်နဲ့ ရုရှား အကြား နယ်စပ် ဖြတ်ကျော် သွားလာခွင့်ကိုလည်း ပိတ်သိမ်းလိုက်ပြီ ဖြစ်တာကြောင့် Reso တစ်ယောက် ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ဆက်လက် ပိတ်မိနေခဲ့ပါတယ်။ ဒါကြောင့် Reso အနေနဲ့ မွေးရပ်မြေကို ပြန်နိုင်ဖို့ အတွက် ဖင်လန် ဒါမှမဟုတ် အဇာဘိုင်ဂျန်ကို အရင်သွားရောက်ပြီးမှသာ ယူကရိန်းကို ပြန်လည် ဝင်ရောက်နိုင်တော့မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Virtus Pro Esports အဖွဲ့အစည်း အနေနဲ့ အဖွဲ့အစည်း လက်အောက်ခံကစားသမားတွေ နေရပ် ပြန်နိုင်ဖို့ အစွမ်းကုန် ကူညီပေးလျက် ရှိတာကြောင့် Resolution အနေနဲ့ သိပ်မကြာခင် အချိန်အတွင်းမှာ မွေးရပ်မြေကို ပြန်လည် ရောက်ရှိသွားမယ်လို့ မျှော်လင့်ရပါတယ်။

REF: AfkGaming