Rottweilerခွေး ကိုမှမွေးချင်တဲ့ဆိုတဲ့သူတွေအတွက်

Rottweiler လိုပြောလိုက်တဲ့နဲ့ ရန်လိုပြီးလိုက်ကိုက်တတ်တဲ့ခွေးလို့ချက်ချင်းမြင်ယောင်မိကြတယ်ဟုတ်။တကယ်တော့ Rottweiler ခွေးတွေရဲ့စိတ်နေစိတ်ထားသိရင် သူတို့လေးတွေကအရမ်းကိုအားကိုးရတဲ့ခွေးလေးတွေလို့မြင်ယောင်မိြ ကမှာပါ။ ဒီခွေးတွေက ရှေးဟောင်းရောမအင်ပါယာလက်ထက်အထိမီခဲ့ကြတာပါ။

ရောမအင်ပါယာ စစ်တပ်ကြီးတွေနဲ့အတူရင်ဘောင်တန်းပြီး တိုက်ခိုက်ချီတက်ခဲ့ကြတယ်လို့သိရှိရပါတယ်။အခုနောက်ပိုင်းမှာတော့ Rottweiler တွေကိုတော့အစောင့်ခွေးအနေနဲ့ပိုသုံးလာကြပါတယ်။သူတို့အသားကိုတော့အဓိကခုံမင်တတ်ကြလည်း အသီးအရွက်လည်းကျွေးရင်တော့စားပါတယ်။ဒီအချက်တွေကတစ်ခြားခွေးအမျိုးအစားတွေနဲ့တော့သိပ့်မကွာခြားပါဘူး။

အစားလေးနဲ့လေ့ကျင့်ပေးရင်သူတို့လေးတွေက မြင်တဲ့သူတိုင်းကိုလိုက်ကိုက်နေမှာနေတော့မဟုတ်တော့ပါဘူး။သူတို့ကအကင်းပါးတယ်၊ထက်မြက်တယ် အစောင့်အနေနဲ့ လုံခြုံရေးအနေနဲ့အသုံးပြုမယ်ဆိုရင်တော့သူတို့လေးတွေကတကယ့် ပြိုင်စံရှားပါ။ကျန်းမာရေးကလည်းဒေါင်ဒေါင်မြည်တဲ့ခွေးအမျိုးအစားဖြစ်တဲ့အတွက် ကျန်းမာရေးတွေအရမ်းကြီးဂရုစိုက်စရာမလိုတော့ဘူးပေါ့။ကဲ့ဒီအချက်တွေနဲ့ဆိုရင် Rottweiler ကိုမွေးသင့်မမွေးသင့်ဆုံးဖြတ်လို့ရပြီထင်တယ်နော်။

Photo Credit - Pinterest

Kelly - Akhayar Lifestyle