T1 Dota2 အသင်းကို ပြောင်းရွေ့သွားခဲ့တဲ့ Sam_H

Neon Esports Dota2 အသင်းမှာ အစမ်းခန့် ကစားသမား အဖြစ် ဝင်ရောက် ကစားခဲ့တဲ့ ဖိလစ်ပိုင် အခြေစိုက် Offlane ကစားသမား Samson “Sam_H” Hidalgo ကတော့ Neon ကနေ ထွက်ခွာပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ ကိုရီးယား အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်း T1 လက်အောက်ခံ T1 Dota2 အသင်းကို ပြောင်းရွေ့ သွားခဲ့ပြီ ဖြစ်ပါတယ်။

Sam_H အနေနဲ့ T1 Dota2 အသင်းနဲ့ နှစ်ဦး သဘောတူ လမ်းခွဲခဲ့ပြီး လက်ရှိအချိန်မှာ Fnatic Dota2 အသင်းရဲ့ Offlane နေရာမှာ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားလျက်ရှိတဲ့ Lee “Forev” Sang Don ရဲ့ နေရာမှာ ဝင်ရောက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

Sam_H အနေနဲ့ TNC Dota2 အသင်းနဲ့အတူ အရင် အချိန်တွေတုန်းက အောင်မြင်မှုတွေကို ရရှိခဲ့သလို The International 2016 ပြိုင်ပွဲမှာလည်း အဆိုပါ ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲဖို့ အဓိက ရေပန်းစားလျက်ရှိတဲ့ OG Dota2 အသင်းကို ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာရအောင် TNC Dota2 အသင်းနဲ့အတူ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

TNC Dota2 အသင်းကနေ ၂၀၁၈ ခုနှစ်မှာ Sam_H တစ်ယောက် ထွက်ခွာခဲ့ပြီး အဲဒီနောက်ပိုင်းမှာ DeToNator, Lowkey Esports စတဲ့ SEA အခြေစိုက် Tier 2 အဆင့် Dota2 အသင်းတွေမှာသာ ကျင်လည်ခွင့် ရရှိခဲ့ပြီး အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့ရပါတယ်။

Sam_H အနေနဲ့ T1 Dota2 အသင်းမှာ ဝင်ရောက် ကစားခွင့် ရရှိခဲ့တာကြောင့် အခြားသော SEA အခြေစိုက် နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Meracle, inYourdreaM တို့နဲ့ လက်တွဲခွင့် ရရှိမှာ ဖြစ်သလို Tier 1 အဆင့် ပြိုင်ပွဲတွေမှာ ပြန်လည် ယှဉ်ပြိုင်ခွင့်ကိုလည်း ရရှိတော့မှာ ဖြစ်ပါတယ်။ Sam_H အပါအဝင် T1 Dota2 အဖွဲ့သားတွေ အနေနဲ့ နာမည်ကျော် SEA အခြေစိုက် Dota2 အသင်းတွေ ပါဝင်တဲ့ ESL One Thailand ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိတာကြောင့် အဆိုပါ ပြိုင်ပွဲမှာ လက်စွမ်းကောင်းတွေ ပြသသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports