Neon Esports Dota2 အသင်းမှာ ဝင်ရောက် ကစားသွားမယ့် TNC ကစားသမားဟောင်း Sam_H

ONE Esports Dota2 SEA League ပြိုင်ပွဲမှာ ထိပ်ဆုံး (၆) သင်း နေရာဖြင့်သာ ကျေနပ်ခဲ့ရတဲ့ ဖိလစ်ပိုင် အခြေစိုက် Dota2 အသင်း Neon Esports ကတော့ ကစားသမား အပြောင်းအလဲ တစ်ခုကို ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။

Rappy

Neon Esports အနေနဲ့ အသင်းမှာ ၂ နှစ်နီးပါး ကစားခဲ့တဲ့ Offlane ကစားသမား Rafael “Rappy” Sicat Palo တစ်ယောက် အသင်းကနေ ထွက်ခွာသွားတာကြောင့် Sam_H ကို အစမ်းခန့် ကစားသမား အဖြစ် ခေါ်ယူသွားမှာ ဖြစ်ကြောင်းကို အခုလိုပဲ ကြေညာသွားခဲ့ပါတယ်။

“Neon Esports ရဲ့ အဓိက ကစားသမားဖြစ်သူ Sicat “Rappy” Palo ကတော့ အသင်းကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ Rappy အနေနဲ့ အသင်းကို ရောက်ရှိခဲ့တဲ့ ၂၀၁၈ ခုနှစ် စတင်ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း (၁၀၀၀) ခန့် Neon Esports ကိုယ်စားပြု ကစားပေးခဲ့ပြီး ထိပ်တန်း အသင်းအဖြစ် ရပ်တည်နိုင်အောင် ကူညီစွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။ Rappy ကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်တော်တို့ ယခုလို အဆင့်မှာ ရပ်တည်နိုင်ခဲ့မှာ မဟုတ်ပါဘူး။

Sam_H

လက်ရှိအချိန်မှာ Rappy နေရာမှာ အစားထိုးဖို့ အတွက် TNC Predator Dota2 အသင်းရဲ့ Offlane ကစားသမားဟောင်း Samson Solomon “Sam_H” Hidalgo ကို အစမ်းခန့် ကစားသမား အဖြစ် ခေါ်ယူ အသုံးပြုသွားမှာ ဖြစ်ပါတယ်။”

Sam_H အနေနဲ့ TNC Dota2 အသင်းနဲ့အတူ အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့ပြီး TNC Dota2 အသင်းကို အင်အားကြီး Dota2 အသင်း အဖြစ် ရပ်တည်နိုင်အောင် ဖော်ဆောင်ပေးရာမှာ အဓိက‌ နေရာကနေ ကူညီ အားဖြည့်ပေးခဲ့တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

Sam_H

TNC ကနေ ထွက်ခွာပြီး နောက်ပိုင်း DeToNator, Lowkey Esports စတဲ့ အသင်းတွေမှာ ပြောင်းရွေ့ ကစားခဲ့ပေမယ့်လည်း Sam_H တစ်ယောက် အောင်မြင်မှုတွေနဲ့ အလှမ်းဝေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း Neon Esports Dota2 အသင်းရဲ့ ကစားသမား အင်အားဟာ တောင့်တင်းသလို အသင်းလိုက် စွမ်းဆောင်ရည် အပိုင်းမှာလည်း အထူးပင် ကောင်းမွန်တာကြောင့် အတွေ့အကြုံရင့် ကစားသမား တစ်ဦးဖြစ်တဲ့ Sam_H ကို ခေါ်ယူလိုက်နိုင်ခြင်းက အသင်းအတွက် ရလဒ်ကောင်းတွေကို ယူဆောင်ပေးနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports