Ninjas in Pyjamas Dota2 အသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ SoNNeikO

ယခုနှစ် ဧပြီလကုန်ပိုင်းမှာ နာမည်ကျော် Esports အဖွဲ့အစည်း Ninja in Pyjamas အနေနဲ့ ယခင် Dota2 အသင်းသားဟောင်းတွေကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့ပြီး အဲဒီအချိန်က လက်စွမ်းကောင်းတွေက ပြသလျက်ရှိတဲ့ Chicken Fighters Dota2 အဖွဲ့သားတွေကို NiP ကိုယ်စားပြု Dota2 အသင်း အတွက် ခေါ်ယူခဲ့ပါတယ်။

Chicken Fighters Dota2 အသင်းကို Na’Vi Dota2 အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ Akbar “SoNNeikO” Butaev က ဦးဆောင် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ SoNNeikO ဦးဆောင်တဲ့ NiP Dota2 အသင်းသစ် အနေနဲ့ Team Nigma, Team Spirit, Team Liquid စတဲ့ နာမည်ကျော် အသင်းတွေကို အနိုင်ယူနိုင်ခဲ့ပေမယ့် အချိန် ကြာလာတာနဲ့အမျှ ကျရှုံးမှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရတာကြောင့် ကပ္ပတိန်ဖြစ်သူ SoNNeikO ကို အသင်းကနေ ထုတ်ပယ်ဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

NiP Dota2 အသင်းကနေ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်ကြောင်းကို SoNNeikO အနေနဲ့ ကိုယ်ပိုင် တွစ်တာအကောင့်ကနေ တစ်ဆင့် အခုလိုပဲ ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် NiP Dota2 အသင်းကနေ ထုတ်ပယ်ခံလိုက်ရပါပြီ။ ပျော်ရွှင်ခဲ့ရတဲ့ နေ့ရက်တွေ အားလုံး အတွက် အသင်းဖော်ဟောင်းတွေ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။”

NiP Dota2 အသင်းအနေနဲ့ လက်ရှိအချိန်မှာ SoNNeiko နေရာမှာ အစားထိုးသွားမယ့် ကစားသမားကို တရားဝင် ကြေညာခြင်း မရှိသေးတာကြောင့် ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် ပြိုင်ပွဲတွေမှာ အစားထိုး ကစားသမားဖြင့်သာ ယှဉ်ပြိုင်သွားဖွယ် ရှိပါတယ်။ NiP Dota2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Charlie “CharlieDota” Arat – Pos 1
  • Ondrej “Supream” Starha – Pos 2
  • Jonas “SabeRLight” Volek – Pos 3
  • Adrian “Era” Kryeziu – Pos 4

REF: VpEsports