CDEC Dota 2 အသင်းမှာ အစမ်းခန့် ကစားသမား အဖြစ် ဝင်ရောက် ကစားသွားမယ့် Srf

တရုတ်နိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် Dota 2 အသင်း CDEC အနေနဲ့ ဖေဖော်ဝါရီလ အစောပိုင်း ကာလမှာ PSG.LGD Dota 2 အသင်းရဲ့ နာမည်ကျော် Carry ကစားသမား Wang “Ame” Chunyu ကို ခေါ်ယူခဲ့ပေမယ့် ESL One LA Major လက်ရည်စစ်ပွဲမှာ ကျရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

Ame

ယခုအခါမှာတော့ CDEC Dota 2 အသင်းရဲ့ တရားဝင် ထုတ်ပြန်ကြေငြာချက်များ အရ အသင်းရဲ့ Pos 3 (Offlane) ကစားသမားဖြစ်သူ Shen “123” Chao အနေနဲ့ အသင်းကနေ ခေတ္တ အနားယူဖို့ တောင်းဆိုခဲ့တာကြောင့် အသင်း လက်မဲ့အဖြစ် တည်ရှိနေတဲ့ Sun “Srf” Runfa ကို အစမ်းခန့် ကစားသမား အဖြစ် ခေါ်ယူလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

Srf (Mid)

Srf အနေနဲ့ ယခင် အချိန်တွေတုန်းက IG. Vitality, Invictus Gaming, Royal Never Give Up စတဲ့ Dota 2 အသင်းတွေမှာ ဝင်ရောက် ကစားခဲ့ဖူးပေမယ့် The International 2019 ပြိုင်ပွဲကြီး ပြီးဆုံးသွားစဥ် အချိန်ကတည်းက အသင်းလက်မဲ့ အဖြစ် တည်ရှိနေခဲ့တာ ဖြစ်ပါတယ်။

CDEC Dota 2 အသင်းရဲ့ ထုတ်ပြန် ကြေငြာချက်များအရ Srf ရဲ့ စွမ်းဆောင်ရည် အပေါ် မူတည်ပြီး အသင်းရဲ့ အမြဲတမ်း ကစားသမား အဖြစ် ခေါ်ယူသွားဖွယ် ရှိမရှိကို ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် CDEC Dota 2 အသင်း အနေနဲ့ Srf ကို ခေါ်ယူပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ China Dota2 Development League Season 2 မှာ ဒုတိယဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

China Dota2 Development League Season 2

ဒါကြောင့် CDEC Dota 2 အသင်း အနေနဲ့ Srf ကိုပဲ အစမ်းခန့်ကာလ ပြီးဆုံးသွားစဥ် အချိန်မှာ အမြဲတမ်း ကစားသမား အဖြစ် ပြောင်းလဲ စာချုပ်ချုပ်ဆို ခေါ်ယူသွားမလား ဒါမှမဟုတ် အသင်းကနေ ခေတ္တ အနားယူလျက်ရှိတဲ့ 123 ကိုပဲ အသင်းရဲ့ Offlane Position အတွက် ပြန်လည် ခေါ်ယူသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports