စိတ်ဖိစီးမှုတွေကို ဘယ်လိုနည်းလမ်းတွေကသက်သာအောင်လုပ်ပေးနိုင်မလဲ

အခုလိုအချိန်မျိုးမှာ လူတိုင်းကတော့စိတ်ဖိစီးမှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေကိုခံစားနေရမှာအမှန်ပါ။ စိတ်ဖိစီးမှုတွေများလာတဲ့ရင် ကျန်းမာရေးအတွက်ရော ဘာတွေထိခိုက်နိုင်မလဲ။ ပုံမှန်ထက်လွန်ကဲပြီး ကိုယ့်စိတ်ကိုဖိအားတွေပေးတာများလာရင် လူတွေကတစ်နည်းမဟုတ်တစ်နည်းတော့ထွက်ပေါက်တွေရှာတတ်ကြပါတယ်။ ကိုယ်ခံအားတွေကျဆင်းလာမယ်၊ လုပ်ငန်းတွေလုပ်ကိုင်တဲ့အခါမှာ ကမောက်ကမတွေဖြစ်ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာပါထိခိုက်လာနိုင်ပြီး သက်ရောက်မှုတွေဖြစ်ပေါ်လာတတ်ပါတယ်။ အဲ့တော့ အခုလိုမျိုးတွေအရမ်းတွေမဆိုးရွာခင် ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ ?
တရားထိုင်ပါ
တရားကိုနာရီပေါင်းများစွာထိုင်မှ တရားထိုင်တယ်လို့ဆိုလိုချင်တာမျိုးမဟုတ်ပါဘူး။ ကိုယ်စိတ်ကိုတည်ငြိမ်မှုကိုရနိုင်လောက်တဲ့အထိ ၄၅ မိနစ်ဖြစ်ဖြစ်၊ မိနစ် ၂၀ လောက်ဖြစ်ဖြစ် မနက်စောစောစီးစီးမျိုးထိုင်ပေးကြည့်ပါ။တစ်ရက်တစ်လေမှထလုပ်တာမျိုးထက် တစ်နေ့ကိုနာရီအနည်းငယ်နဲ့ ကိုယ့်ရဲ့စိတ်ကိုတကယ်အေးချမ်းမှုပေးနိုင်အောင်ထိုင်ပေးသင့်ပါတယ်။

Photo Credit - Shap


အိပ်ရေး၀၀အိပ်ပါ
စိတ်ပင်ပန်းမှုတွေ အိပ်ရေးမဝတာမျိုးတွေကဖြစ်တတ်စမြဲပါနော်။ဒါပေမယ့်လည်း သူနောက်ကဆိုးကျိုးတွေကလည်းအများကြီးလို့တောင်ပြောလို့ရပါတယ်။ အိပ်ရေးမဝရင်လူကငြီးစိစိလည်းဖြစ်သလို၊ ဘာလုပ်လုပ်မတက်မကြွဖြစ်နေတတ်ပါတယ်။ ညမအိပ်တဲ့ရက်တွေများလာရင်လည်း ဦးနှောက်ဟာမှတ်ဉာဏ်သစ်တွေကိုလည်းမှတ်သားနိုင်စွမ်းလည်းမရှိတော့ပါဘူး။ Beta- Amyloid လို့ခေါ်တဲ့အဆိပ်ဖြစ်စေတဲ့  ပရိုတိန်းဓာတ်တွေလည်း ဦးနှောက်ထဲများပြားလာတတ်တဲ့အတွက် ဒီအချက်ကိုတော့အထူးဂရုစိုက်စေချင်ပါတယ်။

Photo Credit - Health


စိတ်ခံစားချက်တွေကိုပြန်ဆန်းစစ်ပါ
လူတွေရဲ့စိတ်ဆိုတာက ကြောက်စရာလည်းကောင်းသလို၊ တွေးဝေချင်စရာလည်းကောင်းပါတယ်။ စိတ်ဖိစီးမှုတွေများပြီး စိတ်တိုလွယ်နေတာတွေက ဘာကနေစဖြစ်တာလဲ ၊ ဖြစ်နေတဲ့အကြောင်းအရင်းကိုသိမှလည်း အဖြေဆိုတာလည်းထွက်လာမှာဖြစ်ပါတယ်။ ဘယ်လိုပြန်ကုစားနိုင်မလဲ၊  စိတ်ဖိစီးမှုတွေကြားမှာပဲပိတ်မိနေမှာလား၊ ရုံးထွက်မှာလား မိမိကသာမိမိရဲ့အဖြေဖြစ်ပါတယ်။အဲ့ကြောင့် ဘာအရာက ကိုယ့်စိတ်ကိုနှစ်မြှုပ်စေလဲလို့အဖြေရှာစေချင်ပါတယ်။

Photo Credit - The Lund

Kelly- Akhayar Lifestyle