အကြောပြတ်အရာတွေကဘာကြောင့်ဖြစ်တာလဲ၊ဘယ်လိုကာကွယ်မလဲ?

အလှအပဆိုတာအရေပြားတစ်ထောက်စာ ဆိုပေမယ့် အသားအရေအပေါ်မှာ အကြောပြတ်ရာကြီးတွေ ရှိနေရင်လည်း ကိုယ့်ယုံကြည်မှုလျော့နည်းစေတယ်လေ။အကြောတွေပြတ်ခြင်းက အဝလွန်၍အကြောပြတ်ခြင်း၊ အားကစားလုပ်၍အကြောပြတ်ခြင်း၊ကိုယ်အလေးချိန် ရုတ်တရက်အတက်အကျရှိတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ရုတ်တရက် ကိုယ်ခန္ဓာထွားကျိုင်းလာတဲ့ ဆယ်ကျော်သက်တွေ၊ ပင်ကိုယ်မျိုးရိုးဗီဇရှိသူတွေမှာအများဆုံးဖြစ်တတ်ပါတယ်။အရေပြားအတွင်းမှာရှိတဲ့ ကော်လဂျင်ဓာတ်တွေ၊ ပရိုတိန်းဓာတ်တွေ အသစ်ပြန်ထွက်နိုင်စွမ်းမရှိပဲ အနီအရောင်အဆင်းကြောင်း အဖြူရောင်အဆင်းအကြောင်းများပေါ်လာတတ်ပါတယ်။

အဖြူရောင်အဆင်းအကြောင်းများပေါ်လာတတ်ပါတယ်။အဓိကအဖြစ်များတဲ့နေရာတွေက လက်မောင်း၊ ခြေသလုံး၊တင်ပါးနဲ့၊ ပေါင်ပေါ်တွေမှာအဖြစ်များတတ်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင်ဗိုက်ရဲ့အောက်ဘက်တွေမှာအဖြစ်များတတ်ပါတယ်။ပထမတော့အနီအရောင်စင်းကြောင်းဖြစ်မယ် ပြီးရင်အရောင်ပြောင်းမယ်နောက်ဆုံးကိုယ့်ရဲ့ပင်ကိုယ်အသားအရောင်နဲ့မတူတဲ့အတွန့်အတွန့်စင်းကြောင်းလေးတွေဖြစ်သွားတတ်ပါတယ်။

Stretch Marks အကြောပြတ်တာတွေဖြစ်လာရင်အရေပြားကို Vitamin-E အများဆုံးပါဝင်တဲ့ ဆီတွေ၊ ထောပတ်သီးဆီ၊ အုံးဆီအနက်၊သံလွင်ဆီတို့ကိုလည်းပုံမှန်လေးလိမ်းရင်အယားအရံပြေပြီး အကြောပြတ်ခြင်းကိုလည်းတစ်ဖြည်းဖြည်းနဲ့သက်သာစေပါတယ်။။ဒါ့အပြင် Stretch Marksကိုအဓိကပျောက်ကင်းစေတဲ့လိမ်းဆေးတွေလိမ်းပေးသင့်ပါတယ်နော်။နည်းပညာတွေကလည်းခေတ်မှီလာပြီ ကိုယ့်အရေအပြားအပေါ်မှာအဲ့လိုအကြောင်းကြီးတွေပေါ်နေတာကိုလည်းမြန်မြန်လေးပျောက်ချင်တယ်ဆိုရင် လေဆာနဲ့ကုသမှုတွေလည်းပြုလုပ်လို့ရတယ်နော်။ဘော်ဒီ မိတ်ကပ်တွေနဲ့လည်းကိုယ့်ရဲ့ Stretch Marks လေးတွေကိုခဏတဖြုတ်လေးဖုံးနိုင်ပါတယ်။အားလုံးလည်းဒီနည်းလမ်းလေးတွေနဲ့အထောက်အကူပြုစေဖို့မျှော်လင့်ပါတယ်။

Kelly (Akayar Lifestyle)

Photo Credit