TI ချန်ပီယံ ကစားသမား တစ်ဦးကို ခေါ်ယူအားဖြည့်လိုက်တဲ့ နှစ်ထပ်ကွမ်း TI ချန်ပီယံ Dota 2 အသင်း OG

The International 2017, The International 2018 စတဲ့ Dota 2 လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲတွေမှာ ၂ နှစ်ဆက်တိုက် ပထမဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ OG Dota 2 အသင်း အနေနဲ့ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major/ Minor ၊ ဒုတိယမြောက် Major/ Minor ပြိုင်ပွဲတွေမှာတော့ ပါဝင် ယှဥ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာဖြစ်ကြောင်း OG Dota 2 အသင်းဘက် တရားဝင် ကြေငြာသွားခဲ့ပါတယ်။

Ana

တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာဖြစ်ကြောင်း ကြေငြာပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ OG Dota 2 အသင်းရဲ့ Carry ကစားသမားဖြစ်သူ Ana တစ်ယောက် TI 10 ပြီးဆုံးတဲ့ အချိန်ထိ အနားယူသွားမှာဖြစ်ကြောင်း ကြေငြာသွားခဲ့သလို Pos 4 ကစားသမား Jerax အနေနဲ့ ပရိုဖက်ရှင်နယ် Dota 2 လောကကနေ အနားယူ‌တော့မှာဖြစ်ကြောင်း ကြေငြာသွားခဲ့ပါတယ်။

Jerax

Jerax နဲ့ Ana တို့ အနားယူမယ့် အကြောင်းတွေ ကြေငြာပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Pos 3 ကစားသမားဖြစ်သူ Ceb အနေနဲ့ OG Dota 2 အသင်းရဲ့ ကစားသမား ရာထူးကနေ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ကြေငြာသွားခဲ့ပါတယ်။ အခုလို ကစားသမား သုံးဦး အသီးသီး နှုတ်ထွက်သွားခဲ့တာကြောင့် OG Dota 2 အသင်းမှာ Mid ကစားသမား Topson နဲ့ Captain ဖြစ်သူ Notail တို့သာ ကျန်ရှိတော့ပြီး လစ်လပ်သွားတဲ့ နေရာတွေ အတွက် ကစားသမား အသစ်တွေ ခေါ်ယူဖို့ အကြောင်းဖန်လို့ လာခဲ့ပါတယ်။

Ceb

ယခုအခါမှာတော့ လစ်လပ်သွားတဲ့ Ana နေရာမှာ ကစားသွားမယ့် ကစားသမားကို TI 9 True Sight ပြပွဲ ပြီးဆုံးခါနီး အချိန်မှာ တရားဝင် ကြေငြာပေးလိုက်ပြီ ဖြစ်ပါတယ်။ OG Dota 2 အသင်းရဲ့ Carry Position မှာ ဝင်ရောက် ကစားသွားမှာကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမားဖြစ်တဲ့ TI 5 ချန်ပီယံ Sumail ပဲ ဖြစ်ပါတယ်။

Sumail အနေနဲ့ EG Dota 2 အသင်းမှာ အချိန်ကာလ ကြာမြင့်စွာ ကစားခဲ့ပေမယ့် The International 2019 ပြီးဆုံးချိန်မှာ EG Dota 2 အသင်းကနေ ထွက်ခွာသွားခဲ့ပြီး အစ်ကိုဖြစ်သူ YawaR နဲ့အတူ Quincy Crew Dota 2 အသင်းမှာ ဝင်ရောက် ကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် Quincy Crew Dota 2 အသင်းကနေ ပြန်လည် ထွက်ခွာသွားခဲ့ပြီး အသင်းလက်မဲ့ အဖြစ်နဲ့သာ တည်ရှိနေခဲ့ပါတယ်။

Sumail

OG Dota 2 အသင်းရဲ့ ကစားသမား အဖြစ် ခေါ်ယူခြင်း ခံခဲ့ရတာနဲ့ ပတ်သတ်ပြီး Sumail ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော် ပြိုင်ပွဲတွေကနေ ဝေးကွာနေခဲ့တာ အချိန်တစ်ခု ကြာမြင်ခဲ့ပြီ ဖြစ်ပါတယ်။ အခုလို ပြိုင်ပွဲတွေနဲ့ ဝေးကွာသွားမှ ကျွန်တော် ယှဥ်ပြိုင်ရတာကို ဘယ်လောက် နှစ်သက်ကြောင်း သိရှိလာခဲ့ပါတယ်။ ကျွန်တော့်ထက် သာလွန်တဲ့ ကစားသမားတွေ ပါဝင်တဲ့ OG Dota 2 အသင်းမှာ ဝင်ရောက် ကစားခွင့် ရရှိခဲ့တာကြောင့် အတွေ့အကြုံတွေ အများကြီး ရရှိမယ်လို့လည်း မျှော်လင့်မိပါတယ်။ TI 100 % Win Rate ကစားသမားဖြစ်တဲ့ Topson နဲ့ တွဲဖက် ကစားခွင့် ရတော့မှာဖြစ်တဲ့ အတွက်လည်း တကယ်ကို ပျော်ရွှင်မိပါတယ်။”

Sumail

OG Dota 2 အသင်း အနေနဲ့ မကြာခင် အချိန်အတွင်းမှာ အသင်းရဲ့ ကျန်ရှိနေတဲ့ ကစားသမား ၂ နေရာအတွက် ဇန်နဝါရီလ (၂၉) ရက်နေ့မှာ ကျင်းပသွားမယ့် OG Night Talk Show မှာ ကြေငြာသွားမှာဖြစ်ကြောင်း အတည်ပြု ပေးခဲ့တာကြောင့် လစ်လပ်လျက်ရှိတဲ့ ကစားသမား ၂ နေရာအတွက် ဘယ်ကစားသမားတွေကို ခေါ်ယူသွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: OneEsports