Sprout CSGO အသင်းကနေ နှုတ်ဆက် ထွက်ခွာသွားပြီဖြစ်တဲ့ ပရိုဖက်ရှင်နယ် CSGO ကစားသမား Syrson

Florian “syrsoN” Rische ဆိုတာကတော့ ဂျာမနီ နိုင်ငံသား အသက် (၂၃) နှစ်အရွယ် ပရိုဖက်ရှင်နယ် CSGO ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ Syrson အနေနဲ့ ပရိုဖက်ရှင်နယ် CSGO ကစားသမား ဘဝကို ၂၀၁၂ ခုနှစ်မှာ စတင် ခံယူခဲ့တာဖြစ်ပြီး ကစားဘဝ အစပိုင်းကို အသင်းငယ် အများစုမှာသာ ကျင်လည် ဖြတ်သန်းခဲ့ရပါတယ်။

Syrson

အသင်းငယ်တွေမှာသာ ဝင်ရောက် ကစားခွင့် ရရှိခဲ့ပေမယ့်လည်း Syrson အနေနဲ့ ကောင်းမွန်တဲ့ လက်စွမ်းလက်နကို ပြသနိုင်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ် အစောပိုင်း ကာလမှာ ဂျာမနီနိုင်ငံ အခြေစိုက် CSGO အသင်းကြီး Sprout ရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပါတယ်။ Sprout CSGO အသင်းနဲ့အတူ B-Tier, A-Tier အဆင့်ရှိ ပြိုင်ပွဲ အများစုမှာ ပထမဆု၊ ဒုတိယဆုတို့ကို သိမ်းပိုက်နိုင်ခဲ့သလို မကြာသေးမီ အချိန်က ကျင်းပ ပြီးစီးသွားခဲ့တဲ့ ESL Meisterschaft: Winter 2019 ပြိုင်ပွဲမှာလည်း အသင်းဟောင်း ATN ကို အနိုင်ယူကာ ပထမဆုကို ရယူနိုင်ခဲ့ပါတယ်။

Sprout CSGO အသင်းမှာ တစ်နှစ်ခန့် ကျင်လည်ပြီး နောက်ပိုင်းမှာတော့ Syrson တစ်ယောက် အသင်းကနေ စွန့်ခွာဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ပါတယ်။ Syrson တစ်ယောက် အသင်းကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်းကို Sprout CSGO အသင်းရဲ့ ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် ကြေငြာပေးခဲ့သလို လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်းများအရ ဂျာမနီနိုင်ငံ အခြေစိုက် အင်အားကြီး CSGO အသင်း BIG CSGO အသင်းကို Syrson အနေနဲ့ ပြောင်းရွေ့သွားဖွယ် ရှိတယ်လို့ သိရပါတယ်။

BIG CSGO အသင်း အနေနဲ့ အသင်းကို စတင် ဖွဲ့စည်းစဉ် အချိန်က အောင်မြင်မှု အချို့ကို စွတ်ခူးနိုင်ခဲ့သလို အင်အားကြီး CSGO အသင်းတွေကို အပြန်အလှန် အနိုင်ယူ ကစားနိုင်ခဲ့တာကြောင့် ပရိသတ် အများစုရဲ့ စောင့်ကြည့်ခြင်းကို ခံယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ယခုအခါမှာတော့ BIG CSGO အသင်း အနေနဲ့ အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့တာ အချိန်တစ်ခု ကြာမြင့်လို့ သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့်လည်း Sprout CSGO အသင်းနဲ့အတူ ကောင်းမွန်တဲ့ လက်စွမ်းလက်နတွေကို ပြသနိုင်ခဲ့တဲ့ Syrson ကို ခေါ်ယူဖို့ အတွက် ကြံစည်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ ကောလာဟလများအရ Syrson နဲ့အတူ Sprout CSGO အသင်းမှာ အတူတကွ ကစားခဲ့တဲ့ k1to ကိုလည်း BIG CSGO အသင်း အနေနဲ့ ခေါ်ယူသွားဖွယ် ရှိတယ်လို့ သိရပါတယ်။

k1to

တကယ်လို့ k1to နဲ့ Syrson နှစ်ဦးလုံးကို BIG CSGO အသင်း အနေနဲ့ ခေါ်ယူခဲ့မယ်ဆိုရင် ဂျာမနီ နိုင်ငံသား သီးသန့် CSGO အသင်းကို ဖွဲ့စည်းသွားနိုင်တာကြောင့် အသင်းရဲ့ ဂျာမနီနိုင်ငံသား မဟုတ်တဲ့ ကစားသမားတွေဖြစ်တဲ့ Smooya နဲ့ XANTARES တို့ အနေနဲ့ အသင်းကနေ ထွက်ခွာရဖွယ် ရှိပါတယ်။ ဒါကြောင့် Syrson တစ်ယောက် Sprout ကနေ ထွက်ခွာပြီး နောက်ပိုင်းမှာ မည်သည့် အသင်းကို ပြောင်းရွေ့ပြီး အောင်မြင်မှုတွေကို စွတ်ခူးသွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports