StarLadder ImbaTV Dota 2 Minor ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Team Aster

StarLadder ImbaTV Dota 2 Minor ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Team Aster

2019-2020 DPC ရာသီရဲ့ တတိယမြောက် Minor ပြိုင်ပွဲဖြစ်တဲ့ StarLadder ImbaTV Dota 2 Minor Season 3 ပြိုင်ပွဲကို မတ်လ (၅) ရက်နေ့ကနေ (၈) ရက်နေ့အထိ ယူကရိန်းနိုင်ငံ၊ Kyiv မြို့တော်မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ယခုအခါမှာ StarLadder ImbaTV Dota 2 Minor ပြိုင်ပွဲကြီး ပြီးဆုံးသွားပြီ ဖြစ်တာနဲ့အညီ အဆိုပါ ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ ချန်ပီယံ အသင်းလည်း ပေါ်ထွက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

StarLadder ImbaTV Dota 2 Minor Season 3 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Dota 2 အသင်းကတော့ တရုတ်နိုင်ငံ အခြေစိုက် နာမည်ကျော် Dota 2 အသင်း Team Aster ပဲ ဖြစ်ပါတယ်။ Team Aster အနေနဲ့ အုပ်စု အဆင့် ပွဲစဥ်တွေမှာ Boom Esports, ForZe စတဲ့ Dota 2 အသင်းတွေနဲ့ ယှဥ်ပြိုင်ခဲ့ရပြီး အဆိုပါ အသင်း နှစ်သင်းလုံးကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် အုပ်စု ပထမနေရာဖြင့် Playoff အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Playoff အဆင့် ပထမ ပွဲစဥ်မှာ အုပ်စုဘီရဲ့ ဒုတိယနေရာကို ရယူနိုင်ခဲ့တဲ့ Alliance နဲ့ ယှဥ်ပြိုင်ခဲ့ရပြီး ၂ ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့သလို Upper Bracket Final ပွဲစဥ်မှာလည်း CIS အခြေစိုက် အင်အားကြီး Dota 2 အသင်း Gambit ကို နှစ်ပွဲပြတ်ဖြင့် ထပ်မံ အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals အဆင့်ကို အလွယ်တကူပဲ တက်လှမ်းနိုင်ခဲ့ပါတယ်။

Grand Finals ပွဲစဥ်မှာတော့ Team Aster အနေနဲ့ Lower Bracket ကနေ တစ်ဆင့် ဗိုလ်လုပွဲကို တက်လှမ်းလာခဲ့တဲ့ Alliance နဲ့ ပြန်လည် ယှဥ်ပြိုင်ခဲ့ရပါတယ်။ StarLadder ImbaTV Dota 2 Minor ပြိုင်ပွဲရဲ့ Grand Final ပွဲစဥ်ကို Best of 5 Format ဖြင့် ယှဥ်ပြိုင်ခဲ့ရတာဖြစ်ပြီး Team Aster အနေနဲ့ Game 1 နဲ့ Game 2 တို့မှာAlliance ကို အလွယ်တကူပဲ အနိုင်ယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း တတိယမြောက် ပွဲစဥ်မှာ Alliance အနေနဲ့ Team Aster ရဲ့ ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တာကြောင့် Team Aster အနေနဲ့ ချန်ပီယံဆုကို ရယူဖို့ အတွက် နောက်ထပ် ပွဲငယ် တစ်ပွဲ ထပ်မံ ယှဥ်ပြိုင်ခဲ့ရပါတယ်။ စတုတ္ထမြောက် ပွဲစဥ်မှာတော့ Team Aster အနေနဲ့ Alliance ကို ပွဲစဥ် စတင်ခဲ့စဥ် အချိန်ကတည်းက ပွဲစဥ် ပြီးဆုံးသွားတဲ့ အချိန်ထိ ဖိအားပေး ကစားနိုင်ခဲ့ပြီး ၃၂ မိနစ်မှာ အနိုင်ယူနိုင်ခဲ့တာကြောင့် StarLadder ImbaTV Dota 2 Minor ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Team Aster အနေနဲ့ StarLadder ImbaTV Dota 2 Minor ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် DPC Point 140 ၊ ဆုကြေးငွေ ဒေါ်လာ ၇၂၀၀၀ ကို သိမ်းပိုက်နိုင်ခဲ့တဲ့ အပြင် ESL One LA Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် Team Aster အဖွဲ့သားတွေ အနေနဲ့ LA Major မှာလည်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ