Miracle နဲ့ Ana ကို ESL One LA Major မှာ အသင်းနဲ့အတူ လာရောက် ကစားပေးဖို့ ကမ်းလှမ်းခဲ့တဲ့ Team Aster

တရုတ်နိုင်ငံ အခြေစိုက် နာမည်ကျော် Dota 2 အသင်း Team Aster အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပ ပြီးစီးသွားခဲ့တဲ့ StarLadder ImbaTV Dota 2 Minor ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် 2019-2020 DPC ရာသီရဲ့ တတိယမြောက် Major ပြိုင်ပွဲ ESL One La Major မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း Team Aster Dota 2 အသင်းရဲ့ ကစားသမား သုံးဦးအနေနဲ့ အမေရိကန်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်နေရတာကြောင့် ESL One LA Major မှာ ဝင်ရောက် ကစားဖို့ အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရလျက် ရှိပါတယ်။

လက်ရှိအချိန်မှာ Team Aster Dota 2 အသင်းရဲ့ နည်းပြဖြစ်သူ LaNm, Offlane ကစားသမားဖြစ်သူ Xxs, Pos 4 ကစားသမာားဖြစ်သူ Fade တို့သာ အမေရိကန်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာကို လက်ဝယ်ပိုင်ဆိုင်ထားပြီး Pos 5 ကစားသမား Boboka, Mid Lane ကစားသမား Chyuan တို့ အနေနဲ့ ယခင်အချိန်တွေတုန်းက အမေရိကန်နိုင်ငံကို ရောက်ရှိခဲ့ဖူးခြင်း မရှိတာကြောင့် ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် Carry ကစားသမားဖြစ်သူ Sccc အနေနဲ့လည်း ကနေဒါနိုင်ငံမှာ ကျင်းပခဲ့တဲ့ The International 2018 ပြိုင်ပွဲမှာ ပက်စ်ပို့ ပျောက်ဆုံးသွားခဲ့တာကြောင့် ပြည်ဝင်ခွင့်ဗီဇာ အသစ် ပြန်လည် ပြုလုပ်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်ရလျက် ရှိပါတယ်။

အခုလို ကစားသမား သုံးဦး ဗီဇာ အခက်အခဲနဲ့ ရင်ဆိုင်နေရတာကြောင့် Team Aster Dota 2 အသင်းရဲ့ တာဝန်ရှိသူတွေ အနေနဲ့ ESL One LA Major မှာ အသင်းမှာ အစားထိုးကစားသမား အဖြစ် လာရောက် ကစားပေးဖို့ အတွက် အမေရိကန်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ လက်ဝယ်ပိုင်ဆိုင်ထားတဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Ana နဲ့ TI 7 ချန်ပီယံ Miracle တို့ကို ကမ်းလှမ်းခဲ့ပါတယ်။

Ana

ဒါပေမယ့်လည်း Ana အနေနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စများကို လုပ်ဆောင်ရန် ရှိတာကြောင့် ကမ်းလှမ်းမှုကို ပယ်ချသွားခဲ့သလို Miracle အနေနဲ့လည်း Team Nigma က Aster နဲ့ အတူ အဆိုပါ ပြိုင်ပွဲမှာ ဝင်ရောက် ကစားခွင့်ကို ခွင့်ပြုပေးခဲ့ခြင်း မရှိတာကြောင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

Miracle-

လက်ရှိအချိန်မှာ Team Aster Dota 2 အသင်းရဲ့ ကစားသမားတွေ အနေနဲ့ ယူကရိန်းနိုင်ငံ၊ Kyiv မြို့ကနေ တစ်ဆင့် အမေရိကန်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာရရှိဖို့ ကြိုးပမ်းလျက်ရှိတာကြောင့် တကယ်လို့သာ ကစားသမား သုံးဦးလုံး ဗီဇာရရှိခဲ့ခြင်း မရှိဘူးဆိုရင် Team Aster အနေနဲ့ ESL One LA Major မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို လက်လွှတ်ရဖွယ် ရှိတာကြောင့် ဘယ်လိုတွေ ဆက်ဖြစ်လာမယ် ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: Afkgaming