ဗီဇာအခက်အခဲများနဲ့ ရင်ဆိုင်နေရတဲ့ ပရိုဖက်ရှင်နယ် LoL အသင်း Team Liquid

မကြာသေးမီအချိန်က Team Liquid ရဲ့ CEO ဖြစ်သူ Steve Arhancet ရဲ့ ထုတ်ပြန်ကြေငြာချက်များ အရ အသင်းရဲ့ ကစားသမား အသစ် နှစ်ဦးနဲ့ နည်းပြဖြစ်သူတို့ အနေနဲ့ ဗီဇာအခက်အခဲများနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ Team Liquid LoL အသင်း အနေနဲ့ 2020 LoL ရာသီမှာ အောင်မြင်မှုတွေ စွတ်ခူးနိုင်ဖို့ ရည်ရွယ်ပြီး LoL လောကရဲ့ နာမည်ကျော် Jungler တစ်ဦးဖြစ်သူ Mads “Broxah” Brock-Pedersen ကို Fnatic အသင်းကနေ ခေါ်ယူခဲ့ပါတယ်။

Broxah

ယခုအခါမှာတော့ Broxah တစ်ယောက် ဗီဇာအခက်အခဲများနဲ့ ရင်ဆိုင်နေရတာကြောင့် 2020 LCS Spring Split ပြိုင်ပွဲကြီးရဲ့ အစပိုင်း ပွဲစဉ်တွေကို Broxah မပါဝင်ဘဲ ယှဉ်ပြိုင်သွားရဖွယ် ရှိပါတယ်။ Broxah နည်းသူ Liquid LoL အသင်းရဲ့ နည်းပြချုပ် အဖြစ် လာရောက် ပူးပေါင်းသွားမယ့် Jang “Cain” Nu Ri နဲ့ Liquid Academy LoL အသင်းရဲ့ Jungle ကစားသမား တစ်ဦးဖြစ်သူ Shern “Shernfire” Tai တို့ နှစ်ဦး အနေနဲ့လည်း ဗီဇာ အခက်အခဲများနဲ့ ရင်ဆိုင်ရလျက် ရှိတယ်လို့ သိရပါတယ်။

Broxah

အခုဖြစ်ရပ်နဲ့ ပတ်သတ်ပြီး Team Liquid ရဲ့ CEO ဖြစ်သူ Steve Arhancet ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့ အဖွဲ့အစည်း လက်အောက်ခံ LoL အသင်းတွေ အတွက် Cain, Broxah, Shernfire တို့ ဗီဇာပြဿနာနဲ့ ရင်ဆိုင်နေရခြင်း တကယ်ကို စိတ်ပျက်ဖို့ ကေင်းလှတဲ့ ဖြစ်ရပ် တစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ အားလုံးကို ရာသီ အစပိုင်းမှာတည်းက အသင်းနဲ့ အတူတကွ ရှိနေစေချင်ခဲ့ပေမယ့်လည်း ယခုအခါမှာတော့ ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး။ အခုလို ဗီဇာနှောင့်နှေးခြင်းကြောင့် အသင်းရဲ့ လေ့ကျင့်ရေးပိုင်းမှာလည်း များစွာသော ထိခိုက်မှုတွေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အဆိုပါ ကစားသမား နှစ်ဦး မရောက်သေးခင် ကာလမှာ ဝင်ရောက် ကစားပေးဖို့ အတွက် အစားထိုး ကစားသမားတွေကို ရှာဖွေလျက်ရှိပြီး ယခု ပြဿနာကို အမြန်ဆုံး ဖြေရှင်းသွားနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။”

လက်ရှိအချိန်မှာ LCS ပြိုင်ပွဲဝင် အသင်းတွေဖြစ်တဲ့ TSM, Cloud9 စတဲ့ LoL အသင်းတွေ အနေနဲ့ ကစားသမား အပြောင်းအလဲတွေ ကြီးကြီးမားမား ပြုလုပ်ခဲ့ကြသလို LoL လောကထဲကို အသင်းသစ်များ အဖြစ် ဝင်‌ရောက်လာတဲ့ Evil Geniuses, Dignitas စတဲ့ အသင်းတွေကလည်း တောင့်တင်းတဲ့ ကစားသမား စာရင်းကို ပိုင်ဆိုင်ထားတာကြောင့် Team Liquid အနေနဲ့ ဗီဇာ ပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်ခဲ့ခြင်း မရှိဘူးဆိုရင် 2020 LoL ရာသီအစမှာ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်သွားရနိုင်တာကြောင့် Team Liquid အဖွဲ့အစည်း အနေနဲ့ ယခု ပြဿနာကို ဘယ်လို ဖြေရှင်းသွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports